MENU

Fun & Interesting

ထွေတလာလာ_ဗောဓိရွက်သံကြိုး_မဟာဂီတ (စာတန်းထိုး)

Ko Lwin 1,996 3 years ago
Video Not Working? Fix It Now

Chapters 0:00 ပတ္တလား၊ တင်တင်မြ 4:28 စောင်း၊ ဦးမြင့်မောင် 9:45 ပတ္တလားဦးရည်နွယ်၊ ဒေါ််အောင်ကြည် 14:50 စန္တရား၊ ပုသိမ်ဒေါ်တင်တင် 19:30 စောင်းဦးမြင့်မောင်၊ ရီရီသန့် 24:30 ပတ္တလား၊ ဦးဟန်ပ၊ဦးဘခိုင် #kolwin #မဟာဂီတစာတန်းထိုး #မဟာဂီတယိုးဒယား စကားပြေ_အဓိပ္ပါယ်အဖွင့် အထွေထွေ အလာလာသော အကြောင်းတို့ကြောင့်၊ နေထိုင်၍ မသာမယာရှိသည့်အထဲတွင် ချမ်းမြအောင်ပင် အလွန်အေး၍ လာပြန်ပါသည်။ မိုးကလည်းစွေပင်စွေနိင်လွန်းလှသည်။ တမိုးလုံးမှိုင်း၍သာ တိမ်လိပ်များရီဝေလျက်၊ ဆောင်းဦးရာသီတကိုယ်တည်း နေရာ၌ တောင်လေကလည်း မကုန်မခန်းနိုင်၊ တိုက်ခတ်လျက်နေပြန်သေးသည်။ အကယ်၍ ရွာနေသောမိုးသည် လျော့၍ လျော့၍သွားစေကာမူ၊ အလွမ်းမိုးသည်ကား လျော့၍မသွားဘဲ၊ ထပ်၍ပင်စွေလာပေလိမ့်ဦးမည်။ ဘဝများစွာ သံသရာမှပြုခဲ့သော အကုသိုလ်ကံဟောင်းတို့သည် လည်း ကပ်ငြိ၍ လာလိမ့်ဦးမည်လောဟု ထင်မိပေသည်။ ထိုသို့ သတ်မှတ်ထားသည့်အတိုင်း မိုးရော လေပါ ရွာသွန်းတိုက်ခတ်ဟန်ကြောင့် ခိုက်ခိုက်တုန်အောင်ပင် ချမ်းအေးလှပါတော့သည်။ စိတ်ထဲတွင် မှိုင်တွေငေးမောလျက် တကိုယ်တည်း နေရသောကြောင့် မရွင်နိုင်အောင်ပင်ရှိလှပေသည်။ မယ်၏ ထိပ်တင်ကိုယ်တော်မှာမူကား၊ အထွေထွေ အပြားပြားသော ပျော်ရွှင်တွယ်တို့ဖြင့် ဟိုအဆောင် သည်အဆောင်သို့ သွားလာကာ စံစားပျော်ရွှင်လျက် နေပေလိမ့်မည်တကား။

Comment