သင်္ချိုင်းမှာမြှုပ်ထားတဲ့ အလောင်းတွေဟာ ဘယ်လိုထုံးတမ်းဓလေ့တွေကိုချိုးဖောက်မိလို့ နိုးထလာကြလဲဆိုတာ***
IMDB 6.4/10ရရှိထားတဲ့ Pamali Dusun Pocong ရုပ်ရှင်ကို ပရိတ်သတ်ကြီးအတွက် Recap ပြုလုပ်ပေးလိုက်ပါပြီ။
လူတွေကွယ်လွန်ကြတဲ့အခါ ရေချိုးသန့်စင်ပြီးနောက် သန့်ရှင်းစင်ကြယ်တဲ့ ပိတ်ဖြူစနဲ့ထုပ်ထားတဲ့ ရုပ်အလောင်းကို ပိုချွန်း(pocong)လို့ခေါ်ပါတယ်
Pamali ကတော့ ဓလေ့ထုံးစံကိုဆိုလိုတာပါ
ဥမမာ
အင်ဒိုနီးရှား ရိုးရာမှာ ညဖက်လေမချွန်ကောင်းတာ
အိမ်ထဲမှာထီးတွေဖွင့်ရက် မထားကောင်းတာမျိုးပေါ့
တကယ်လို့ ဓလေ့ကိုချိုးဖောက်ခဲ့ရင်တော့ ကံဆိုးမှုတွေကြုံတွေ့ရနိုင်တာကြောင့် ဥပဒေတစ်ခုလိုသတ်မှတ်မထားပေမယ့် ဘယ်သူမဆို(များသောအားဖြင့်)လိုက်နာကြလေ့ရှိတယ်။
***ဇာတ်လမ်းအကျည်း***
ကျန်းမာရေးဝန်ထမ်းတစ်စုဟာ
လူသူအရောက်ပေါက်မရှိတဲ့ရွာတစ်ရွာကို ကျန်းမာရေးအစောင့်အရှောက်ပေးဖို့အတွက် တာဝန်ပေးခြင်းခံရပါတယ်
အဲ့ဒီ့ရွာမှာ အမည်မသိတဲ့ကူးစက်ကပ်ရောဂါဆိုးကြီးကျရောက်နေပြီး
နေ့စဉ်နှင့်အမျှ လူတွေအများအပြားကွယ်လွန်တဲ့အခါ ရွာခံသုဘရာဇာကြီးလဲ ရောဂါသည်ရုပ်အလောင်းတွေကို ကိုင်ရပါများပြီး သူပါရောဂါကူးစက်သွားလို့
မြေမြှုပ်ဖို့အတွက် နောက်ထပ်သုဘရာဇာနှစ်ယောက်ကိုပါထည့်ပေးလိုက်ပါတယ်
ရွာကိုရောက်တဲ့အခါမှာ သူတို့လူစုအပါအဝင် ရွာခံတွေပါ မြှုပ်နှံပြီးသားရုပ်အလောင်းတွေရဲ့ ခြောက်လှန့်ခြင်းကိုခံရတဲ့အခါ*****
#tvmyanmarrecap #indonesiahorrormovie #သရဲကား #အင်ဒိုနီးရှားသရဲကား #pamali