မန္တလေးစျေးချိုနားက သက်တမ်းရှည်ဆိုင်များ
၁။ သံဖြူတန်းဦးကျောက်မြီးရှည် (နှစ် ၄၀ကျော်)
နေရာ - သံဖြူတန်း တောင်ဘက်ထိပ်
စျေးနှုန်း - တစ်ပွဲ - ၁ထောင်ကျပ်
ဖွင့်ချိန် - မနက် ၈နာရီမှ နေ့လည် ၁နာရီ
အရသာ - ကြက်/၀က် ၂မျိုး မန်းလေးမြှီးရှည်အစစ်၊ ဟင်းရည်ကို မြေအိုးနဲ့တည်ထားပြီးပဲပင်ပေါက်လေးရယ်၊ ဂျုံကြော်ကို ကော်၊ ငှက်ပျောသီးတို့ဖြင့် သေချာစီမံထားပြီး အရသာက တမူထူးခြားတယ်။
၂။ ပန်းတန်းမရာကျော် အသုပ်စုံ (နှစ် ၃၀ကျော်)
နေရာ - စျေးချိုပန်းတန်း
- ခနုံထုပ် (ကြက်ဥဖြင့်လုပ်ထားသော တော်၀င်နန်းတွင်းအစားအစာ)
- ပန်းတန်းမရာကျော်ထမင်းသုပ် (ပဲပုပ်အရသာ လေးလေး စိမ့်စိမ့် နဲ့ မွှေးမွှေးလေး)
- ဆိတ်ပုဆိုးကြမ်းဟင်းရည် (ဆိတ်၀မ်းတွင်းသား အညှီနံ့ကင်းပြီး အရသာရှိ)
- အသုပ်စုံ (သင်္ဘောသီး၊ မြင်းခွာရွက်၊ မုန်လာဥနီ၊ အာလူး)
၃။ အိမ်တော်ရာ ဆင်တံတားထိပ် ရွှေတချောင်းဘေး ဒေါ်နွဲ့ဖက်ထမင်း (နှစ် ၇၀ကျော်)
Special thanks to ယဉ် ယဉ် နှောင်း
#mandalay #streetfood #sermal