ဆရာလယ်တွင်းသားစောချစ် (လှတောသားစကားကြွယ်နှင့်လူ့စိတ်နေစိတ်ထား) အပိုင်း၁
ဆရာလယ်တွင်းသားစောချစ်
လှတောသားစကားကြွယ်နှင့် လူ့စိတ်နေစိတ်ထား အပိုင်း၁
▬ Contents of this video ▬▬▬▬▬▬▬▬▬▬
00:46 - လှတောသား
16:43 - မြှင့်တင်ပါ
23:27 - သူဌေးမကြီးနှင့်ဘက်စ်ကား
အပိုင်း၂ ကို Burmese Talks Youtube Channel တွင် ကြည့်ရှုနားဆင်နိုင်ပါတယ်
ဆရာစောချစ်ကို ၁၉၄၁ - ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ထန်းတောရွာ၌ အဖ-လယ်သမား ကြီး ဦးချစ်စိန်၊ အမိ-ဒေါ်စောရှင်တို့က ဖွားမြင်ခဲ့ပါတယ်။ နာမည်အရင်းက ဦးတင်လှိုင် ဖြစ်ပါတယ်။
၁၉၄၆ ဆရာ ၅နှစ်သားအရွယ်မှာ ဖခင်ကွယ်လွန်ခဲ့ပြီး ထန်းတောရွာနဲ့ ၂ မိုင်ခန့်သာဝေးတဲ့ ဝန်းသိုရွာကိုပြောင်းရွှေ့ခဲ့ရပြီး အဖိုးဖြစ်သူကျောင်းအုပ်ဆရာကြီး ဦးဖိုးသာ နှင့် အဘွား ဒေါ်သောင်တို့က မွေးစားပြီးပညာသင်ပေးခဲ့ပါတယ်။
အဖေကြီး (အဖိုး) မှာ မူလတန်းကျောင်းအုပ်ဖြစ်တာကြောင့် အဖေကြီးကျောင်းမှာပင်မူလတန်းပညာသင်ယူခဲ့တယ်။
၁၉၅၉ မှ ၁၉၆၄ ထိ ပြည်လုံးနိုင် ကျောင်းတွင် အလယ်တန်းပြဆရာအဖြစ်ဆောင်ရွက်ခဲ့ပြီး ၁၉၆၃ - မြန်မာ့အလင်း သတင်းစာ (သီတင်းကျွတ်လပြည့်အထူးထုတ်) တွင် နောင်တ အမည်ရှိ ဝတ္ထုတိုကို ပထဆုံးပုံနှိပ်ခဲ့ပါတယ်။
၁၉၆၈ တွင် မြန်မာစာအဓိကဖြင့် ဘွဲ့ရရှိခဲ့တယ်။ ၁၉၇၁ ခုနှစ်တွင် အလယ်တန်းပြ ဆရာမ ဒေါ်မြင့်မြင့်နှင့် လက်ထက်ခဲ့ပြီး စာအုပ်များဆက်လက်ရေးသားကာ
ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၂၀၀၁ တွင် ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီး စာပေများဆက်လက်ရေးသားခဲ့ပါတယ်။
၂၀၁၃ တွင် စည်သူဘွဲ့ကို ရရှိခဲ့ပါတယ်။
Source
https://youtu.be/RNkarMjfbbs - Lal Twin Thar Saw Chit
https://www.facebook.com/burmesetalks?mibextid=ZbWKwL
#လယ်တွင်းသားစောချစ်
#စာပေဟောပြောပွဲ
#Burmesetalks