စာရေးဆရာမောင်ဖေငယ်ရေးသားတဲ့ နန်းမတော်မယ်နုဆိုတဲ့စာအုပ်ကို ချနိနယ်မှာ တခါမှမဖတ်ပြဖူးတဲ့ စာဖတ်သူ PK ကနေ ဖတ်ပြပေးထားတာဖြစ်ပါတယ်။ ဆရာဟာ သမိုင်းဝ္တထုရေးတဲ့နေရာမှာ ထင်ရှားပြီး ဆရာရဲ့စာအုပ်တွေဖြစ်တဲ့ ရတနာမောင်မောင်တုတ်၊ ဘိုးတော်မင်း စတဲ့စာအုပ်တွေကလဲ လူသိများခဲ့ပါတယ်။ အခုဒီစာအုပ်ကို ၁၉၇၆ ခုနှစ်မှာရေးသားခဲ့တာဖြစ်ပါတယ်။ သမိုင်းရာဇဝင်အတိအကျလို့ ဆိုလို့မရဘဲ သမိုင်းဝ္တထုတစ်အုပ်အနေနဲ့သာ ခံစားကြည့်ကြဖို့ အမှာစာမှာလဲ ဆိုထားခဲ့ပါတယ်။