MENU

Fun & Interesting

ရုရှားမှ စစ်ခေါင်းဆောင် ပြန်ရောက်လာ

Mrs.Reader 59,029 lượt xem 1 day ago
Video Not Working? Fix It Now

ရုရှားမှ စစ်ခေါင်းဆောင် ပြန်ရောက်လာ

မတ် ၉၊ ၂၀၂၅

ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်နေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်း၌ နေပြည်တော်သို့ ပြန်လည် ရောက်ရှိလာသည်။

နေပြည်တော်လေဆိပ်၌ စစ်ခေါင်းဆောင်အား ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ စစ်ကောင်စီအဖွဲ့ဝင်များနှင့်အတူ စစ်တပ်ထောက်ခံသည့် အနုပညာရှင်တချို့လည်း ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။

စစ်ခေါင်းဆောင်အနေဖြင့် မတ်လ ၃ ရက်မှ ၉ ရက်နေ့အထိ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့ကို သွားရောက်ပြီး သမ္မတများနှင့် တွေ့ဆုံကာ ကုန် သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးတို့ ဆွေးနွေးဖိတ်ခေါ်မှုများ ပြုလုပ်ခဲ့သလို ရုရှားနိုင်ငံနှင့်လည်း နျူကလီးယားနှင့် ဓာတ်အားပေးစက်ရုံတည် ဆောက်ရေး၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေးဆိုင်ရာ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ အာကာသစူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရေးတို့အပါ အဝင် နားလည်မှု စာချွန်လွှာ ၁၀ ခု လက်မှတ်ရေးထိုးခဲ့သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup

Comment