ကမ္ဘာနဲ့ အလင်းနှစ် ၁၂၀ အကွာက ဂြိုဟ်တစ်စင်းမှာ သက်ရှိတွေ ရှိနိုင်တဲ့ အထောက်အထား ရှာတွေ့ဟု နာဆာကြေငြာ
ကမ္ဘာကနေ အလင်းနှစ် ၁၂၀ ခန့် အကွာမှာ K2-18 ဆိုတဲ့ အနီရောင် ကြယ်ပုလေး တစ်စင်း (Red Dwarf) ရှိပါတယ်။ ဒီ ကြယ်ပုလေးကို ပတ်နေတဲ့ ဂြိုဟ်တစ်စင်း ရှိပါတယ်။ K2-18b လို့ အမည်ပေးထားတဲ့ အဲ့သည် ဂြိုဟ်တစ်ခုလုံးကို ပင်လယ် သမုဒ္ဒရာ ရေတွေနဲ့ ဖုံးလွှမ်းလို့ ထားပါတယ်။ သူ့ရဲ့ လေထုဟာလဲ အောက်ဆီဂျင်နဲ့ အဓိက ဖွဲ့စည်းထားတာ မဟုတ်ပဲ ဟိုက်ဒြိုဂျင် ဓါတ်ငွေ့တွေနဲ့ အဓိက ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
James Webb Space Telescope ကြီးကနေ ဒီဂြိုဟ်ရဲ့ လေထုကို လေ့လာ ခဲ့ပါတယ်။ ဒီ လေ့လာမှု အရ ဒီဂြိုဟ်ရဲ့ လေထုထဲမှာ သက်ရှိတွေကသာ ထုတ်ပေးနိုင်တဲ့ ဒြပ်ပေါင်း တစ်မျိုးကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဒီအချက်သာ မှန်ကန်ခဲ့မယ် ဆိုရင် ဒါဟာ ကမ္ဘာ့ အပြင်ဖက်မှာ သက်ရှိတွေ ရှိကြောင်း ညွှန်ပြတဲ့ ပထမဆုံး အထောက်အထား ဖြစ်လာမှာ ဖြစ်ပါတယ်။
---------------------
ကျွန်တော်တို့ရဲ့ ဆောင်းပါးတွေကို အောက်ပါ website မှာလဲ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
🔗 https://science.tinytechnotes.com
Facebook 👉 https://www.facebook.com/myanmarscien...
Telegram channel 👉 https://t.me/Mmscientist
Twitter 👉 https://twitter.com/mmscience_blog