MENU

Fun & Interesting

"အကောင်းအတိုင်းပြန်ရတာ ၄ဦးလောက်ပဲ ရှိတယ်၊ ကျန်တာတွေက တစ်စစီတွေ ဖြစ်နေတာ"

Myanmar Now News 158,720 7 days ago
Video Not Working? Fix It Now

လူ ၁၈ဦး သေဆုံးခဲ့ရသည့် မြင်းခြံမြို့နယ် ဆင်းဂွတ်ရွာ ဗုံးကြဲခံရမှု ဖြစ်စဉ် ---------- မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာ   ယမန်နေ့ (ဇန်နဝါရီ ၂၆)  နံနက်ပိုင်း   တိုက်ခိုက်ခံရစဉ်   အရပ်သား ၆ ဦးနှင့် လက်နက်ကိုင်တော်လှန်ရေးသမား ၁၂ ဦး သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) က အတည်ပြု သည်။ စစ်လေယာဉ်က ဧရာဝတီမြစ်အရှေ့ဘက်ကမ်း၊ မြို့မြောက်ဘက် ၁၂ မိုင်ခန့် အကွာတွင် တည်ရှိသော ထိုရွာတွင် ပကဖအဖွဲ့ နေရာယူထားသည့် မူလတန်းကျောင်းကို ဗုံး ၂ လုံး ကြဲချခဲ့ပြီး မိနစ်ပိုင်းအကြာ ရဟတ်ယာဉ်တစ်စီးရောက်လာကာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။  သေဆုံးသည့် တော်လှန်ရေးသမားများမှာ  အသက် ၂၀ နှင့် ၄၀ အကြား မြင်းခြံမြို့နယ် ပကဖ တပ်ဖွဲ့ဝင် ၄ ဦး၊ အသက် ၁၈ နှစ်မှ ၅၀ အကြား ဆင်းဂွတ်ကျေးရွာ ပကဖ တပ်ဖွဲ့ဝင် ၈ ဦး  ဖြစ်သည်ဟု ပကဖ အဖွဲ့၏ အချက်အလက်များအရ  သိရသည်။ သေဆုံးသွားသည့် အရပ်သားများမှာ စခန်းသို့ ရောက်ရှိနေချိန်တွင် လေကြောင်း တိုက်ခိုက်မှုနှင့် ကြုံတွေ့ ခဲ့ရခြင်းဖြစ်သည်ဟု မြို့နယ် ပကဖ တာဝန်ခံ စိုင်းဂျာလူက ပြောသည်။  သေဆုံးသည့် အရပ်သားများထဲတွင် အသက် ၃၀ ကျော်အရွယ် ကိုအောင်ဖြိုးသူ၊ ဇနီးသည် မထားထားဦး၊ သားသမီးများ ဖြစ်ကြသော မနှင်းပွင့်ဖြူ၊  မောင်ထက်အောင်ရှိုင်းတို့ မိသားစု ပါဝင်သည်။ အခြား နှစ်ဦးမှာ ၁၁ နှစ်အရွယ် မောင်သန်းတိုးအောင်နှင့် စခန်းတွင် ချက်ပြုတ်ရေး လုပ်ကိုင်ပေးနေသည့် အသက် ၄၀ ကျော် အရွယ် ဦးထိုက်တင်တို့  ဖြစ်သည်။ ထိုအရပ်သားများမှာ  ပကဖ အဖွဲ့ရှိနေသောနေရာသို့ လာလည်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။ “အလည်သဘောနဲ့လာရင်းနဲ့ဖြစ်သွားတာ။ ၄ နှစ်ခန့် မိန်းကလေးတစ်ယောက်ရယ်၊ ၅ လခန့် ယောကျာ်းလေးတစ်ယောက်ရယ်၊ သူ့ရဲ့မိခင်၊ ဖခင်၊ မိသားစုဝင် ၄ ဦးပေါ့”ဟု မြို့နယ် ပကဖ တာဝန်ခံက ပြောသည်။  စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပိတ်ထားသည့် ကျေးရွာမူလတန်းကျောင်းတွင် ဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ခေတ္တတပ်စွဲထားခြင်းဖြစ်ပြီး ရက်ပိုင်းအတွင်း နေရာပြောင်းရွှေ့ ရန် စီစဉ်နေချိန်တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု မြို့နယ် ပကဖ တာဝန်ရှိသူ စိုင်းဂျာလူက ပြောသည်။  “ဂျီနီဗာကွန်ဗင်းရှင်းအရ မထိုင်ဖို့ ရပ်ကျေးပကဖတွေ၊ တပ်ရင်းတပ်ဖွဲ့တွေက ပြောထားပါတယ်။ ရပ်ကျေး ပကဖ တာဝန်ခံကလည်း ရွှေ့ပြောင်းဖို့လုပ်ပြီးပါပြီ။ ကတုတ်ကျင်းတွေ၊ ဆက်သွယ်ရေးတူးမြောင်းတွေ မြေပြန်ဖို့ပြီး တခြားနေရာမှာ ရွှေ့ဖို့ စီစဉ်ထားပြီးပါ ပြီ။ အဲ့ဒီအချိန်မှာပဲ အကြမ်းဖက်ခြင်းကို ခံခဲ့ရပါတယ်” ဟု မြို့နယ် ပကဖ တာဝန်ရှိသူ ဆိုသည်။

Comment