MENU

Fun & Interesting

မေတ္တာသုတ်တော် (ပါဠိ အနက်)

Video Not Working? Fix It Now

မေတ္တာဟူသည် မိမိအကျိုး မမျှော်ကိုးဘဲ ကိုယ်စိတ်နှစ်ဖြာ ကြီးပွားချမ်းသာ ပျော်ရွှင်သာယာဖို့ ဆောင်ရွက်ပေးခြင်းသည်သာ ဗုဒ္ဓဘုရားဟော ဗြဟ္မစိုရ် မေတ္တာ တရားဖြစ်သည်။ ပရိတ်ကြီး (၁၁)သုတ်၊ မဟာသမယသုတ်၊ ပဌာန်း - ပါဠိ ( အရှင် သုစိတ္တ (မော်ကျွန်း) ဆရာတော်) နံနက်ခင်းတိုင်း၊ ညနေခင်းတိုင်း ဖွင့်ပေးပြီး ပူဇော် ပေး ပါ တရားများနာကြားပြီး အသိထူး၊အသိဉာဏ်များတိုးတက်နိုင်ပါစေ။ဗုဒ္ဓမြတ်စွာဘုရားရဲ့အဆုံးမတရားများဝေမျှကုသိုလ်ပွားများနိုင်ကြပါစေ တရားချစ်ခင် တရားတော်များကို နာယူကြသော ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့အား တရား ဓမ္မများကို နေ့စဉ် နေ့တိုင်း အမြဲမပျက် တင်ဆက်ပေးလျှက်ရှိပါသည်။ အသစ်တင်သော တရားတော်များအား သိရှိနိုင်ရန် Subscribe လုပ်ထားပေးရန် တောင်းဆိုအပ်ပါသည်။ သဗ္ဗဒါနံ_ဓမ္မဒါနံ_ဇိနာတိ ဓမ္မတရားများကို နေ့တိုင်း ညတိုင်း နာကြားနိုင်ကြ၍ ကောင်းကျိုးချမ်းသာများ တိုးပွားရရှိနိုင်ကြပါစေ။ ☸️🙏ပဌာန်းတရား'ပူဇော်လို့ ဒုက္ခရောက်တယ် ခိုက်တယ်ဆိုပြီးပြောကြတာတွေရှိပါတယ်။ တကယ်တမ်းက အဲ့ဒီလိုမဟုတ်ပါဘူး။ 'ပဌာန်းတရား'တော်ဟာ တန်ခိုးကြီးလွန်းတဲ့အတွက်လူတိုင်း လေးလေးနက်နက်နဲ့ ပူဇော်ရွတ်ဖတ်ရန် နတ်မြတ်များက စမ်းသပ်ကြခြင်းဖြစ်ပါတယ်။ ☸️🙏ပဌာန်းတရားတော်'ကို လူတိုင်းရွတ်ဖတ်ခွင့်၊ ကံကြုံရတာမဟုတ်သလို ပဌာန်းတရားတော်ကိုလည်း မြင်အပ်၊ မမြင်အပ်ဘုံနေရာဌာနကပုဂ္ဂိုလ်တိုင်းနာကြားခွင့်ရကြတာမဟုတ်ပါဘူး။ဒါကြောင့် ပဌာန်းမပူဇော်ခင်မေတ္တာသုတ်တစ်ခေါက်ရွတ်ဖတ်ပါ။ပဌာန်းပူဇော်ပြီး မေတ္တာသုတ်တစ်ခေါက် ထပ်ရွတ်ဖတ်ပေးပါ။ ☸️🙏အဓိဌာန်တစ်ခုခုလုပ်ပြီဆိုရင် အနှောက်အယှက်အဟန့်အတားပေါ်တတ်တာ ဓမ္မတာပါပဲ။ မိမိဘက်က အဲဒီအဟန့်အတားတွေကိုမတုန်လှုပ်ဘဲ အဓိဌာန်အောင်မြင်အောင် ယုံယုံကြည်ကြည်လုပ်ဖို့ အရေးကြီးပါတယ်။ တကယ်လို့ မိမိဘဝမှာ အရေးကြီးကိစ္စတစ်စုံတရာရှိခဲ့ရင် မနက်၊ နေ့လည်၊ ည တစ်နေ့လျင်သုံးကြိမ် (သို့မဟုတ်) အဲဒီအချိန်တွေထဲက မိမိအဆင်ပြေတဲ့အချိန်ကိုရွေးပြီး ပဌာန်းပူဇော်ပါ။ 🔸(၉) ရက်၊ (၁၈) ရက်၊ (၂၇) ရက်စသဖြင့် အဓိဌာန်ဝင်ပြီး ဆုတောင်းကြည့်ပါ ထူးထူးခြားခြား သိသိသာသာကို ဆုတောင်းပြည့်ဝပါတယ်။ 🙏🙏🙏 ✨နေ့စဥ် မြတ်စွာဘုရားထံမှာ သီလကုသိုလ်ဆောက်တည်ပြီး ပဌာန်းရွတ်ဖတ်ပူဇော်ကြတဲ့,,, #ပဌာန်းတရားတော်မေတ္တာပို့ နတ်ချစ်ဂါထာတော် | စီးပွားတက် လာဘ်ပွင့် | ဘေးအန္တရာယ်ကင်း | မဟာသမယသုတ် တရားတော် စေတီဖူးမျှော် ကုသိုလ်တော် စိတ်ဝယ်ကြည်လင် အေးချမ်းကြ၍ ရောဂါဆိုးဘေး အမျိုးမျိုးမှ အားလုံးကိုယ်စီ ကင်းဝေးကြပါစေ... မဟာသမယသုတ် မြန်မာအသံထွက်နှင့်အဓိပ္ပါယ်🙏 🙏🌸 "နတ်တို့ချစ်ခင် မေတ္တာဝင်၊ သုတ်တွင်-မဟာသမယ" 🙏🌸 မဟာဆိုတာကတော့ ကြီးကျယ်မြင့်မြတ်ခြင်း၊ သမယ ဆိုတာ အချိန်-အခါ-ကာလ ဖြစ်ပါတယ် 🌸 ဗုဒ္ဓဘုရားရှင်သည် နယုန်လပြည့်နေ့ မဟာသမယသုတ်တော်ကို ဟောတော်မူသည်ကို အစွဲပြု၍ မဟာသမယ အခါတော်နေ့ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ် 🌸 ဂေါတမမြတ်စွာဘုရား မဟာဝုန်တောကြီးတွင် သီတင်းသုံးနေထိုင်စဥ် နတ်၊ ဗြဟ္မာ၊ အသုရာ၊ နဂါး၊ ဂဠုန် တို့သည် ဥ် ဘုရားရှင်နှင့် ရဟန္တာ(၅၀၀)ကို ဖူးမြော်လိုကြသဖြင့် မဟာဝုန်တောကြီးသို့ အုပ်စုလိုက် အုပ်စုလိုက် စုရုံးရောက်ရှိပြီး လူနတ်ဗြဟ္မာ စသည်တို့ စုရုံးရောက်လာကြသော အခါကာလကို မဟာသမယ-ဟု ခေါ်ပါတယ် 🌸 ထိုသို့ နတ်ဗြဟ္မာစုံညီ ရောက်ရှိလာကြသည်ကို ဘုရားရှင်က နှစ်လိုစွာဖြင့် နတ်ဗြဟ္မာတို့၏ အမည်နာမအမျိုးမျိုးကို ထုတ်ဖော်မြွက်ကြား နှုတ်ခွန်းဆက်၍ ဟောကြားတော်မူသော စကားတော်များကို မဟာသမယသုတ်-ဟုခေါ်ဆိုခြင်းပဲဖြစ်ပါတယ် 🌸 မဟာသမယသုတ်တွင် နတ်ဗြဟ္မာအသီးသီးတို့သည် မိမိတို့၏ အမည်နာမများ ပါရှိသဖြင့် အလွန်ကျေနပ်ကြ၍ ထိုသုတ်တော်ကို အကြိမ်ကြိမ် နာကြားလိုစိတ်ဖြစ်ကြတယ် မဟာသမယသုတ်ဟာ နတ်ဗြဟ္မာများ အလွန်ချစ်မြတ်နိုးသော သုတ်တော်တမျိုးဖြစ်ပါတယ် 🌸 မဟာသမယသုတ်ကို အစဉ်အမြဲ ရွတ်ဖတ်နေပါက နတ်များ၏ ချစ်ခင်မှုကို ရရှိနိုင်တယ် အိမ်သစ်၊ တိုက်သစ်၊ နေရာသစ်တို့၌ မင်္ဂလာယူလိုသော ပုဂ္ဂိုလ်တို့သည် မဟာသမယသုတ်ကို ရွတ်ဆိုဖတ်ကြားသင့်ကြောင်း အဋ္ဌကထာဆရာက ပြဆိုထားပါတယ်... #မဟာသမယသုတ် #နတ်ချစ်ဂါထာတော် #တရားတော်များ

Comment