ခင်ပွန်းသည်အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့်သမီးလေး၂ယောက်နဲ့ စားသောက်ဖို့ပါမရှိဖြစ်ခဲ့ရတဲ့မိခင်
MPlay
229,242 lượt xem 3 months ago ခင်ပွန်းရဲ့အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် သမီးလေး ၂ယောက်နဲ့စားဖို့မရှိတဲ့အထိဖြစ်ခဲ့ရပေမယ့် အားမလျှော့ဘဲဆက်ကြိုးစားခဲ့တဲ့ တကိုယ်ရည်မိခင်
++++++++++++++++++++++++++++++++
သူအိမ်ထောင်ရေးဖောက်ပြန်တော့ သွားညှိနှိုင်းခဲ့တယ်။ သူကားမောင်းတဲ့နောက်လိုက်သွားခဲ့ပြီး စကားတွေများကြတယ်။ ညီမကို ကိုယ်ထိလက်ရောက်လုပ်ခဲ့တယ်။
အငယ်မလေး ကိုယ်ဝန် ၃လရှိနေတာကို ကားပေါ်ကနေတွန်းချတယ်။
အငယ်မလေးကိုယ်ဝန်မပြတ်ကျအောင်လို့ သားခိုင်ဆေးတွေပါထိုးခဲ့ရတယ်။
အဲ့လိုဒုက္ခတွေခံခဲ့ရပြီး ပြည့်ပြည့်စုံစုံနဲ့နေခဲ့ရတဲ့မိန်းမတစ်ယောက်က စားဖို့ပါမရှိတဲ့အထိ ဖြစ်ခဲ့ရတော့ ပတ်ဝန်းကျင်ကို ရင်မဆိုင်ရဲခဲ့ဘူး။
စားဖို့ပါမရှိတော့ ကလေးတွေကိုသူတို့ဘက်မပေးချင်လို့အရဲစွန့်ပြီး ကိုထွန်းမင်းကိုအကူအညီတောင်းခဲ့တော့ ညီမဘဝလေးပြန်ပြီးအဆင်ပြေသွားခဲ့တယ်။
သမီးလေးတွေအတွက်ရှေ့ဆက်သွားဖို့ပဲရှိပါတော့တယ်။
အိမ်ထောင်ပြုမယ့်သူတွေနဲ့ single mom တွေကိုပြောချင်တာကတော့ ဘဝတစ်ခုလုံးကိုလွယ်လွယ်ယုံပြီး မပုံအပ်ဖို့ပဲပြောချင်ပါတယ်။ ညီမက ကိုယ်တွေ့မို့ပါ။
ဆိုင်လိပ်စာ - ဘာတာမှတ်တိုင်အနီး (အင်းစိန်လမ်းမပေါ်) လှိုင်မြို့နယ်။