MENU

Fun & Interesting

ရွာလမ်း အခန်း (၁၀)

Spring 474 1 week ago
Video Not Working? Fix It Now

ရွာလမ်း အခန်း (၁၀) ============ "အူဝဲ..အူဝဲ..အူဝဲ" မှောင်ချေပြီ။ ပုခက်ထဲမှ ကလေးငယ်ကား အငိုမတိတ်သေး။ ရက်လည်အိမ်တို့၏ ထုံးစံအတိုင်း ခုနစ်ရက်သတ္တပတ်လုံး ကူသူဝိုင်းသူများဖြင့် စည်ကားခဲ့သမျှ နောက်ဆုံးရက်တွင်တော့ အားလုံးပြန်သွားကြ။ ဦးလှဆောင်ကား ကလေးကို မချော့နိုင်အား။ သားလင်မယားနှင့် မြေးနှစ်ယောက်ထံမှ မည်သည့်သတင်းမျိုးကြားရမလဲ။ မျှော်တော်ဇောနှင့် မော။ ဟော့..မီးရောင်များ။ ဦးလှဆောင် မတ်တတ်ရပ်လိုက်သည်။ မှန်အိမ်ကို မီးစာမြှင့်လိုက်၏။ လက်နှိပ်ဓာတ်မီးကို အသင့်ဖွင့်လျက် ခြံဝသို့ ဆင်းလိုက်သည်။ ဂျစ်ကားမီး၊ ဂျစ်ကားစက်သံပဲ။ လှမျိုးတို့ပြန်လာပြီ။ ကလေးတွေ ဘာမှမဖြစ်ကြပါစေနဲ့။ ထင်သည့်အတိုင်း ကားက သူ့အိမ်ရှေ့တွင် အရှိန်လျော့ကာ ရပ်လိုက်၏။ #spring #audiobook #khetzaw #horror

Comment