MENU

Fun & Interesting

ငလျင်က နောက်ဆုံးမကြည့်နိုင်တဲ့အထိဖြစ်ရတယ် (ရုပ်/သံ)

The Irrawaddy News 120,007 6 days ago
Video Not Working? Fix It Now

ငလျင်က နောက်ဆုံးမကြည့်နိုင်တဲ့အထိဖြစ်ရတယ် (ရုပ်/သံ) ဧရာဝတီ၊ ဧပြီ ၂၁၊ ၂၀၂၅ ပြည်သူတွေ ငလျင်ဒဏ်ခံစားနေရတဲ့ မြင်ကွင်းတွေဟာ ဆက်မကြည့်နိုင်တဲ့အထိ စိတ်မကောင်းဖြစ်ရတယ်လို့ အဆိုတော် Rဇာနည်က ပြောပါတယ်။ မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ဧပြီ ၁၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ ကျင်းပခဲ့ရာ အဆိုတော် R ဇာနည်လည်း ပါဝင်သီဆိုခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် Rဇာနည်ဟာလည်း တဦးအပါအဝင်ဖြစ်ခဲ့ပြီး စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ်တာကိုခံခဲ့ရပြီးနောက် အမေရိကန်ပြည်ထောင်စု မှာ သွားရောက်ခိုလှုံနေရတာပါ။ #မြန်မာ #ဧရာဝတီ #Rဇာနည် #ငလျင် #အမေရိကန် #မေရီလန်း #ဂီတဖျော်ဖြေပွဲ #ရန်ပုံငွေ

Comment