ရွာလမ်း အခန်း (၁၁)
============
"အဲ့ဒီ..အသက်ရှင်ကျန်ရစ်တဲ့..ကလေးမ လေးဟာ...အမေ ပဲ သား"
"ဒါဆို...ဒါဆို...ကျွန်တော်က..."
"အမေ ပြောတာကို ဆုံးအောင်နားထောင်ပါဦး..သားကြီး"
"အမေ..ခဏ"
မရတော့ဘူး။ ကျွန်တော့်စိတ်တွေ အရမ်းလှုပ်ရှားနေတယ်။ ဖုန်းရှေ့ကနေခွာပြီး ရေခဲသေတ္တာထဲ သောက်စရာတခုခုရှာတယ်။ အေးတာတခုခု။
သောက်လက်စ ဘီယာတစ်ဘူး တွေ့တော့ အဲ့ဒါကိုပဲ မော့သောက်လိုက်တယ်။
ပြီးတော့..ကျွန်တော့်အခန်းထဲက မှန် ကို သွားကြည့်လိုက်တယ်။
"ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ တကယ်ပဲ ကြောက်စရာမိစ္ဆာတစ်ကောင်ရှိနေတာလား"
ကျွန်တော် ဖုန်းရှေ့မှာ ပြန်ထိုင်လိုက်တယ်။ အမေ က ကျွန်တော့်ကို စိုးရိမ်တကြီး ကြည့်နေဆဲ။
"နောက်ပိုင်းဖြစ်ရပ်တွေကို..အမေ...ဆက်ပြောပြမယ်..သား...ဒါဟာ သားအတွက် အတော်လေးအရေးကြီးတယ်"
#spring
#audiobook
#khetzaw
#horror