အလှုငါးကြင်းအိုးကြီးနှပ်နဲ့ သရက်ချဉ်သုပ်
မြိုင်တို့ရွာမှာက သာရေးနာရေးဆို အားလုံးဝိုင်းလုပ်ဝိုင်းကူကြတာပဲဆိုတော့ မြိုင်တို့တစ်နှစ်တစ်ခါလုပ်နေကျ အလှုလေးကို အိမ်နီးချင်းတွေက ဝိုင်းကူပေးကြတာ။ အလှုငါးကြင်းပေါင်း အိုးကြီးချက်လေးကို ချက်နေကျအိုးသူကြီးဦးလေးတွေချက်ပေးထားတာ နူးအိနေရော။ သရက်ချဉ်လေးရယ် ခရမ်းချဉ်သီးငပိချက်ရယ်ဆိုတော့ စားလို့မြိန်ချက်။ မောရသလို ပီတိလည်းဖြစ်ရတဲ့ အလှုလေးပါပဲရှင်။ ကူပေးတဲ့သူတွေအတွက်ကတော့ မြိုင့်လက်ရာ စပယ်ရှယ် ဆိတ်ပဲနှပ်ပေါ့ရှင်။