ဇန်နဝါရီလ (၂၅) ရက်နေ့မှာ ကျရောက်တဲ့ သရုပ်ဆောင် နေခြည်ဦးရဲ့ အသက် (၂၈) နှစ်ပြည့် မွေးနေ့အလှူအဖြစ် မိခင်ရဲ့ မွေးရပ်မြေဖြစ်တဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ငါးဘတ်ချောင်ကျေးရွာမှာ ဘုန်းတော်ကြီးများကို ဆွမ်းကပ်လှူဒါန်းခဲ့ပြီး ရွာလုံးကျွတ် ထမင်း၊ ဟင်းများနဲ့ စတုဒီသာ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။
မွေးနေ့ အလှူပွဲကို လာရောက်ကျတဲ့ ကလေးငယ်များအတွက်လည်း စက်ဘီး၊ ရွှေလက်စွပ်၊ TV စတဲ့ ပစ္စည်းများကိုလည်း မဲနှိုက်ပြီး ကံစမ်းပေးခဲ့ပါတယ်။
Myanmar Celebrity TV #MyanmarActress #NayChiOo