ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စစ်ကောင်််စီ လုံခြုံရေးဂိတ်တွေ တိုက်ခိုက်ခံရမှု အခြေအနေ
ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စစ်ကောင်််စီ လုံခြုံရေးဂိတ်တွေ တိုက်ခိုက်ခံရမှု အခြေအနေ
----------
ပဲခူးတိုင်း၊ ကျောက်တံခါးနဲ့ ဖြူးမြို့နယ်ထဲ ပါဝင်တဲ့ ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေ အခြေချတပ်စွဲထားတဲ့ ဂိတ်စခန်း (၇)ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၂၆နဲ့ ၂၇ရက်နေ့တွေမှာ တိုက်ခိုက်၊ ဖျက်ဆီးနိုင်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲလက်အောက်ခံ တပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNU/KNLA ပူးပေါင်းတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
အခုတိုက်ခိုက်လိုက်တဲ့ စခန်းတွေဟာ စစ်ကောင်စီ တပ်သား အင်အား ၂၀ ၊ ၃၀ နဲ့ အထိုင်ချ တပ်စွဲထားတဲ့ စခန်းတွေပါဝင်ပြီး တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦး သေဆုံး၊ (၂)ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်နဲ့ ပဲခူးဒေသကို နယ်မြေစိုးမိုးနိုင်ဖို့ တပ်ရွှေ့ပြောင်းနေပြီး အဲ့ဒီဒေသတွေမှာ တိုက်ပွဲတွေ စတင်တော့မယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက PDF ရဲဘော်တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြောထားပါတယ်။
ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်က စစ်ကောင်စီဂိတ်စခန်း (၇)ခုကို တိုက်ခိုက်မှုနဲ့ ပက်သက်ပြီး NUG ရဲ့ အမှတ် (၂) စစ်ဒေသခွဲမှူး ရဲဘော်တင်ဦး ကို Myanmar Nowက ဆက်သွယ်မေးမြန်းထားပါတယ်။
တည်းဖြတ် - ကိုလှိုင်း