ရုပ်ရှင်လောကတွင် အထိုက်အလျောက် ကျင်လည်ခဲ့ပြီး မျှော်လင့်ခြင်းများစွာဇာတ်ကားဖြင့် အကယ်ဒမီရရှိခဲ့သူ မင်းသားဖိုးကျော်က သူငယ်စဉ်က ကြုံခဲ့ရသည့် ရုပ်ရှင်လောက လူလည်ကျမှုများ၊ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ပြောပြထားသည်။
ထို့အပြင် တချိန်က မြန်မာနိုင်ငံတွင် ထိပ်တန်းဖြစ်ခဲ့သည့် မင်းသားဒွေးနှင့် လက်တွဲခဲ့ရသည့် အတွေ့အကြုံများ၊ လက်တွဲဖြစ်ခဲ့ပုံများကိုလည်း ဖွင့်ဟထားသည်။