MENU

Fun & Interesting

“ဖဲဝိုင်းထောင်တဲ့ အိမ်ရှင်ကို ဖမ်းရင် လိုင်းကြေးယူပြီး ခွင့်ပြုထားသူတွေကိုလည်း ဖမ်းဖို့လိုတယ်”

Htet Aung Kyaw 30,054 9 hours ago
Video Not Working? Fix It Now

“ဖဲဝိုင်းထောင်တဲ့ အိမ်ရှင်ကို ဖမ်းရင် လိုင်းကြေးယူပြီး ခွင့်ပြုထားသူတွေကိုလည်း ဖမ်းဖို့လိုတယ်” - ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ) (၂၂- ၂- ၂၀၂၅) “ကျားဖြန့်လုပ်ငန်းတာဝန်ခံ ရွှေကိုက္ကူမြို့စားကြီး စောချစ်သူကို ဖမ်းမယ်ဆိုရင် ဒီလုပ်ငန်းကို ခွင့်ပြုချက်ပေးသူတွေ၊ ဝေစုရနေသူတွေ၊ နောက်ကွယ်က ကြိုးကိုင်နေသူတွေကိုပါ ဖမ်းဆီးအရေးယူဖို့လိုတယ်” လို့ စီးပွားရေး ဆန်းစစ်ဝေဖန်သူ ဦးစိန်ဌေးက ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ် မြဝတီနဲ့ ရွှေကိုက္ကူမှာ ဟိုးလေးတကျော်ဖြစ်နေတဲ့ ကျားဖြန့်လုပ်ငန်း ဘယ်လိုပေါ်လာသလဲ၊ နဝတ-နအဖ ခေတ် တာဝန်ရှိသူတွေက ဘာကြောင့် ဒီလုပ်ငန်းကို ခွင့်ပြုချက်ပေးခဲ့တာလဲ၊ ဘယ်လိုအရေးယူဖြေရှင်းနိုင်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ဒီဒေသမှာ ကျားဖြန့်လုပ်ငန်း ဘယ်လိုစတင်ပေါ်လာတာလဲ... - ကျားဖြန့်လုပ်ငန်းကို MIC - မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဘာကြောင့် ခွင့်ပြုချက်ပေးတာလဲ... - စစ်ကောင်စီခေါင်းဆောင်ပိုင်းနဲ့ နယ်မြေတာဝန်ရှိ စစ်ဗိုလ်တွေ ဘယ်လို ပါဝင်ပတ်သက်နေသလဲ... - နယ်စပ်မှာဖမ်းရင် ရန်ကုန်-မန္တလေးဖက် ဦးတည်သွားနိုင်သလား... - ပြည်တွင်းဥပဒေနဲ့မရရင် နိုင်ငံတကာ ဥပဒေနဲ့အရးယူသင့်သလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ #BNN သတင်း အင်တာဗျူး youtube ချယ်နယ် ⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Comment