MENU

Fun & Interesting

မူးယစ်ဆေးကျွေးပြီး အိမ်တွေကို မီးရှို့ခိုင်းတာ (ရုပ်/သံ)

The Irrawaddy News 383,039 lượt xem 3 months ago
Video Not Working? Fix It Now

ဧရာ၀တီ၊ ဒီဇင်ဘာ ၄၊ ၂၀၂၄အာဏာသိမ်း စစ်ကောင်စီဟာ စစ်မှုထမ်း တပ်သားသစ်တွေကို မူးယစ်ဆေးကျွေးပြီး ရှေ့တန်းပို့ကာ နေအိမ်တွေကို မီးရှို့ခိုင်းတယ်လို့ လွိုင်ကော်မြို့ အနီး တိုက်ပွဲမှာ ဖမ်းဆီးရမိ တဲ့ စစ်သုံ့ပန်းတွေက ဝန်ခံပြောဆိုထားပါတယ်။ဒါ့အပြင် တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီ အရာရှိတွေဟာ လက်အောက်ငယ်သားတွေကို အသေခံ တိုက်ခိုက်ပြီး သူတို့ကတော့ ထွက်ပြေး တိမ်းရှောင် သွားခဲ့တယ်လို့ စစ်သုံ့ပန်းတွေက ဆိုပါတယ်။စစ်ကောင်စီတပ်ရဲ့ တပ်သားတွေဟာ ကျေးရွာတွေကို ဝင်ရောက်စီးနင်းရာမှာ ဖမ်းဆီးမိ သူတွေကို လူမဆန်စွာ သတ်ဖြတ်တာ၊ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာအပြင် အရှင် လတ်လတ် မီးရှို့ သတ်ဖြတ်မှုတွေ ရက်ရက်စက်စက်ကျူးလွန်နေကြပြီး အခုလို လုပ်ရပ် တွေဟာ မှုးယစ်ဆေးဝါး သုံးစွဲပြီး ကျူးလွန်တာတွေလည်း ပါဝင်တယ်လို့ CDM စစ်ဆေးဆရာဝန် တချို့က သုံးသပ်ထားပါတယ်။#မြန်မာ #ဧရာဝတီ #မူးယစ်ဆေး #စစ်ကောင်စီတပ် #ကရင်နီ---------------------စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။Support The Irrawaddy: https://bit.ly/supporttheirrawaddy

Comment