"၈၈ တပ်မမှူးကိုယ်တိုင် ပြည်သူ့စစ်မှုထမ်းတွေကိုရှေ့ကနေ အသေခံတက်ခိုင်းကွာဆိုပြီး ပြောတာ"
“၈၈ တပ်မမှူးက ပြည်သူ့စစ်မှုထမ်းတွေကို ရှေ့ကနေ အသေခံတက်ခိုင်းကွာဆိုပြီး ပြောတာ။အကုန်လုံးကြောက်ကုန်ရောအဲဒီမှာထွက်ပြေးတဲ့ နှစ်ယောက်ကို စနိုက်ပါနဲ့ ပစ်သတ်တာ မြင်ခဲ့ရတယ်။”
ကျော်ဇေယျာထွန်း (ဗန်းမော်တွင် အမှတ် ၄၁၅ ခမရ တပ်ရင်းမှ KIA ထံအလင်းဝင်လာသူ) ပြောဆိုချက်
By ရန်ကုန်ခေတ်သစ်
ဗန်းမော်မြို့ သိမ်းတိုက်ပွဲ ဆင်နွဲနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်KIA ထံသို့ စစ်ကောင်စီတပ်သား အများအပြား အလင်းဝင်လာနေကြပါတယ်။
ဗန်းမော်မှာ စစ်ကောင်စီတပ်အရာရှိတွေက စစ်သည်တွေအပေါ် အသေခံ ရှေ့တက်ခိုင်းတာ၊ ဖိနှိပ်ခွဲခြားဆက်ဆံတာတွေလည်း ရှိနေတယ်လို့ အလင်းဝင်တပ်သားတွေကပြောဆိုကြပါတယ်။
တပ်တွင်း ဆိုးရွားနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အမှတ် ၄၁၅ ခြေမြန်တပ်ရင်းမှ အလင်းဝင်တပ်သား ကျော်ဇေယျထွန်းကို မေးမြန်းထားတာကို တင်ဆက်လိုက်ရပါတယ်။