MENU

Fun & Interesting

မီးပျက်တာ ကျနော်တို့က ဘယ်ရင်ခုန်မလဲ

The Irrawaddy News 230,520 7 days ago
Video Not Working? Fix It Now

မီးပျက်တာ ကျနော်တို့က ဘယ်ရင်ခုန်မလဲ (ရုပ်/သံ) ဧရာဝတီ၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၅ လူကုန်ကူးတာ၊ ညှဉ်းပန်းနှိပ်စက်တာတွေကို လက်မခံဘဲ နိုင်ငံတကာနဲ့ ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ သူတို့ထိန်းချုပ်နယ်မြေအတွင်းမှာရှိနေတဲ့ လူကုန်ကူးခံရသူတွေကို နိုင်ငံတကာသံရုံးတွေကတောင်းဆိုလာခဲ့မယ်ဆိုရင် မြန်မာသံရုံးနဲ့အတူ ရှာဖွေပေးအပ်သွားမယ်လို့ လည်းသူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာရေးသားထားပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ ကရင်ပြည်နယ်၊မြဝတီမြို့မှာ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းက တရုတ်မင်းသားဝမ်ရှင်း လူကုန်ကူးခံခဲ့ရတာကစလို့ နိုင်ငံတကာဖိအားတွေအများအပြားရှိနေတဲ့ အချိန်မှာ (DKBA) အနေနဲ့လည်း ပူးပေါင်းပါဝင်မယ်လို့ ထုတ်ပြောလာတာဖြစ်ပါတယ်။ မြဝတီမြို့မှာရှိတဲ့ လူကုန်ကူးမှုတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေကို တရုတ်နိုင်ငံနဲ့ နိုင်ငံတကာအပါအဝင် ကရင်ပြည်နယ်မှာရှိနေတဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ စစ်ကောင်စီ တို့ကပါ နှိမ်နင်းရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ဖို့ ပြောဆိုလာတာပါ။ ဒီကျားဖြန့် နှိမ်နင်းရေးမှာ DKBA အနေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ၊ DKBA အပါအဝင် ကရင်လက်နက်ကိုင်တွေ ပါဝင်ပတ်သက်နေမှု စတာတွေနဲ့ ပတ်သက်ပြီး DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောဆန်းအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ #မြန်မာ #ဧရာဝတီ #Interview #DKBA #ကျားဖြန့် #မြဝတီ #ကျောက်ခက် #ဗိုလ်ချုပ်စောဆန်းအောင် စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/supporttheirrawaddy

Comment