မင်းအောင်လှိုင်က နိုင်ငံကို ရောင်းစားနေတာ (ရုပ်/သံ)
ဧရာဝတီ၊ မတ် ၃၊ ၂၀၂၅
စစ်ကောင်စီအနေနဲ့ တရုတ်က အဆိုပြုထားတဲ့ "ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေ" ကို ပြဌာန်းပေးလိုက်တာဟာ မိုက်မဲလွန်းတဲ့ လုပ်ရပ်ဖြစ်ပြီး စစ်ခေါင်းဆောင် အနေနဲ့ အာဏာတည်မြဲဖို့အတွက် နိုင်ငံကို ရောင်းစားနေတဲ့ အခြေအနေဖြစ်တယ်လို့ လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ် က ဧရာဝတီနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
စစ်ကောင်စီက တရားဝင် လက်နက်ကိုင်ဆောင်ခွင့်ပြုမယ့် ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာ ဥပဒေကို ဖေဖော်ရီ ၁၈ ရက်က ပြဋ္ဌာန်းလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်းက တရုတ်အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ပူးတွဲလက်နက်ကိုင် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) တည်ထောင်ဖို့ တရုတ်ဘက်က ပြီးခဲ့တဲ့ ၂၀၂၄ သြဂုတ်လ၊ မစ္စတာဝမ်ယိရဲ့ နေပြည်တော်ခရီးစဥ်အပြီးမှာ တောင်းဆိုခဲ့တာဖြစ်ပြီး ၅ လအကြာမှာ စစ်ကောင်စီက အတည်ပြု ပြဋ္ဌာန်းလိုက်တာလည်း ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေ #JointVentureSecurityCompany #တရုတ် #မင်းအောင်လှိုင် #ဒေါက်တာမီမီဝင်းဘတ်
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy