"ပုဂံခေတ်အစ သူဌေးမရွှေရွှေ" (အပိုင်း - ၁) စာရေးသူ - စစ်ကိုင်းဦးဘိုးသင်း
"ပုဂံခေတ်အစ သူဌေးမရွှေရွှေ" (အပိုင်း - ၁)
စာရေးသူ - စစ်ကိုင်းဦးဘိုးသင်း
စာဖတ်သူ - မေနှင်းစက်
ကြာချိန် - ၄ : ၁၃ : ၀၆ နာရီ
*စာမြည်း*
သဘာဝတရားသူကြီးသည် အပြစ်ရှိသူကို ချမ်းသာမပေး။ အပြစ် ရှိသူများသည် သဘာဝတရားသူကြီး၏ စီရင်ခြင်းမှ လွတ်ကင်းဖို့ ခဲယဉ်း ပေသည်။ အပြစ်ရှိသူသည် အသို့နည်း။ ဘယ်လိုအပြစ်ရှိပါသနည်းဟု စေ့ငုရမည်။ အလိုရှိခြင်း၊ တုန်လှုပ်ခြင်း၊ ထောင်လွှားတက်ကြွခြင်းတို့ဖြင့် သူတစ်ပါးကို နှိပ်စက်သည်၊ ညှဉ်းပန်းသည်၊ ကြင်နာသနားခြင်းမဲ့ သူ့ အသက်ကို ရက်စက်စွာ သတ်ဖြတ်သည်။ တစ်နည်းတုံ ပျော်မွေ့နေသော သတ္တဝါများကို သေစေသည်။ ထိုအကြောင်း သုံးပါးတို့ဖြင့် ငွေတိုးကြီးစွာစားခြင်း၊ အမြတ်ကြီးစွာ ယူခြင်း၊ လုပ်ခများစွာတောင်းခြင်း၊ ပေးသင့်သော လုပ်ခကို မပေးခြင်း၊ ခိုး ခြင်း၊ တိုက်ခိုက်ယူခြင်း၊ လိမ်လည်လှည့်ဖြားယူခြင်း စသည်ဖြင့် သူတစ်ပါး ၏ပစ္စည်းကို တရားမဲ့ယူခြင်း စသည်တို့ ဖြစ်လေသည်။ ထိုအကြောင်းသုံးပါးတို့ဖြင့်ပင်လျှင် ကာမဂုဏ်၌ မှားသောအကျင့် ကို ကျင့်ခြင်း၊ အပျော်ကျူး၍ ကာမဂုဏ်မှု၌ မှားယွင်းလာခြင်း၊ ညစ်ပတ်ခြင်း၊ လိမ်လည်ခြင်း စသည်တို့ ဖြစ်ချေသည်။ သဘာ၀တရားသူကြီး၏ အပြစ်ဒဏ်ခံရသူအားလုံးသည် ထိုကဲ့သို့ သောအပြစ်အတွက် အကျင့်ကိုပြုကျင့်၍ အကျင့်ရှိသောကြောင့်လောဟု စောဒကပြုဖွယ်ရှိသည်။ ထိုသို့ပြုကျင့်သောကြောင့် အပြစ်ရှိသူများနှင့် ဆက်ဆံပေါင်းသင်းခြင်းကို မကင်းနိုင်လေရကား ပျဉ်ပြားတစ်ချပ်၏ အစွန်းကိုထုသော် ပျဉ်ပြားတစ်ချပ်လုံး တုန်ရသည်အလား ဆက်စပ်ခြင်း၊ ဆက်သွယ်ခြင်းတို့ကြောင့် ဖြစ်ချေသည်။
*ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
*အဖွဲ့ဝင်လိုပါက ဖော်ပြပါ Link ထဲရှိ Messenger (သို့မဟုတ်) Viber မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
🔰 https://fliphtml5.com/site/13979096/index.html