MENU

Fun & Interesting

ပွဲကြိုက်မောင်နဲ့ လူမလေး ခွေးမခန့် စစ်တပ် (ရုပ်/သံ)

The Irrawaddy News 115,304 21 hours ago
Video Not Working? Fix It Now

ပွဲကြိုက်မောင်နဲ့ လူမလေး ခွေးမခန့် စစ်တပ် (ရုပ်/သံ) ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၅ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူကိုယ်တိုင် ပွဲကြိုက်ပြီး ပွဲတက်ချင်လွန်းတာအပြင် စစ်ရေးအရ ရှုံးနိမ့်မှုကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ သူရဲ့ အုပ်ချုပ်မှုအောက်မှာ တိုင်းပြည် တည်ငြိမ်နေပါတယ်လို့ လိမ်ညာပြဖို့အတွက် ပွဲလမ်းပေါင်းစုံပြုလုပ်၊ တက်ရောက်နေတာကို တွေ့ရပါတယ်။ ပွဲကြိုက်မောင် မင်းအောင်လှိုင်က ပြောလည်းပြောစရာပဲ။ ပွဲတက်တာမှ ခေတ်အဆက်ဆက် ပြန်ကြားရေးဝန်ကြီးလောက်ပဲ တက်တဲ့ အမျိုးသားစာပေဆုပေးပွဲတို့၊ ရုပ်ရှင်အကယ်ဒမီပေးပွဲတို့ပါ တက်နေတာ တွေ့ရပါတယ်။ ပွဲကြိုက်မောင် သာမက သူရဲ့မိန်းမဖြစ်တဲ့ တန်ဖိုးကြီး လက်ကိုင်အိတ်များပိုင်ရှင်လည်း တက်ပါတယ်။ တသက်တာ ရုပ်ရှင်အကယ်ဒမီဆု ပေးခံရတဲ့ မင်းသမီးကြီးတွေကို ပွဲကြိုက်မောင်ရဲ့မိန်းမက ဆုပေးပါတယ်။ သူ့မိန်းမ ဆုပေးတဲ့အခါ လက်ခုပ်သံ ထွက်မလာလို့ ပွဲကြိုက်မောင်ကိုယ်တိုင် လက်ခုပ်တီး အားပေးတာ တွေ့ရပါတယ်။ ပွဲကြိုက်မောင် လက်ခုပ်တီးတော့ သူ့အနားရပ်နေတဲ့ ပြန်ကြား‌ရေးဝန်ကြီးကလည်း နောက်ကနေလိုက်ပြီး လက်ခုပ်တီးရပါတယ်။ လက်ခုပ်တီးတာ နောက်ကျလို့ လူကွယ်ရင် ပြန်ဝန် အဆဲခံရနိုင်ပါသေးတယ်။ ပွဲကြိုက်မောင်ဟာ အာဏာသိမ်းထားပေမဲ့ သူ့အရင် အာဏာရှင်တွေဖြစ်ကြတဲ့ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့လို့ နောက်ကွယ်က အာဏာချုပ်ကိုင်ထား၊ ရှေ့ထွက်ရမယ့် လူတွေအသုံးပြုပြီး တိုင်းပြည်အုပ်ချုပ်တဲ့သူ မဟုတ်ဘူး။ ဗိုလ်ခင်ညွန့်လို တီဗီမင်းသားကြီးလုပ်ပြီး လူလုံးအရမ်းပြချင်တဲ့သူဆိုတော့ ရှေ့တန်းစစ်မျက်နှာမှာ အတုံးအရုံး အထိနာနေတဲ့အချိန်မှာတော့ စစ်မှုထမ်းဟောင်းတွေ၊ စစ်တပ်ထောက်ခံသူတွေရဲ့ ပြန်အဆဲခံရတော့တာပေါ့။ ပွဲကြိုက်မောင်က ပွဲလမ်းပေါင်းစုံ တက်ပြ‌နေချိန် ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်သားတွေ သေကြကြေကြ၊ ဒဏ်ရာတွေရကြ၊ လက်နက်ချကြ၊ စခန်းတွေ၊ မြို့တွေ စွန့်ရတဲ့ဖြစ်စဉ်တွေဟာ အင်တာနက်ခေတ်ကြီးမှာ ဖုံးမရ ဖိမရ ‌ထွက်ပေါ်နေတာကို အများ တွေ့မြင်‌နေရပါတယ်။ အဲဒီလိုဖြစ်လေလေ နွေဦးတော်လှန်ရေး ထောက်ခံသူတွေက ရယ်ပွဲဖွဲ့ကြသလို စစ်တပ်ထောက်ခံသူတွေကတော့ ပွဲကြိုက်မောင်အပေါ် ဒေါသအလိပ်လိုက် ထွက်ပြီး ဆဲလို့နေကြပါတော့တယ်။ #မြန်မာ #ဧရာဝတီ #ပွဲကြိုက်မောင် #မင်းအောင်လှိုင် #စစ်တပ် စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/supporttheirrawaddy

Comment