MENU

Fun & Interesting

“စစ်ရေးအရ ပြန်တိုက်ယူလို့ ရတာမဟုတ်ပဲ တရုတ်က ပေးလို့ရတာဆိုတော့...”

Htet Aung Kyaw 121,810 2 days ago
Video Not Working? Fix It Now

“စစ်ရေးအရ ပြန်တိုက်ယူလို့ ရတာမဟုတ်ပဲ တရုတ်က ပေးလို့ရတာဆိုတော့...” - လင်းထက်အောင် ( CDM - ဗိုလ်ကြီး) (၂၂- ၄- ၂၀၂၅) “လားရှိုးကို ပြန်ရတယ်ဆိုပေမယ့် စစ်ရေးအရ ပြန်တိုက်ယူလို့ ရတာမဟုတ်ပဲ တရုတ်က ပေးလို့ရတာဆိုတော့ ရှေ့တန်းက စစ်သားတွေကို စိတ်ဓာတ်တက်ကြွလာအောင် လုပ်နိုင်မယ်လို့ မထင်ဘူး” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။ MNDAA နဲ့တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက သေနတ်ဖောက် ပြန်တိုက်စရာမလိုပဲ တရုတ်ရဲ့စီစဉ်ပေးမှုနဲ့ ဧပြီ ၂၂ မှာ တပ်အင်အားအလုံးအရင်းနဲ့ ပြန်ဝင်ခွင့်ရတဲ့အပေါ် ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - စစ်ကောင်စီတပ်တွေ လားရှိုးမြို့ထဲဝင်လာပြီး ရမခ နေရာမှာ ပြန်ထိုင်မှာလား... - စစ်တိုက်စရာမလိုပဲ တရုတ်အကူအညီနဲ့ ဒီလိုလွယ်လွယ်ပြန်ရခြင်းက ရှေ့တန်းမှာ စစ်ရှုံးလို့ထွက်ပြေးနေတဲ့ စစ်သားတွေကို ခွန်အားဖြစ်စေနိုင်သလား... - လားရှိုးကို တရုတ်က ဘာကြောင့် စစ်ကောင်စီကို ပြန်ပေးချင်တာလဲ... နယ်စပ်ကုန်သွယ်ရေးအတွက်လား... - လားရှိုးမှာ ဒီလိုဖြစ်သွားပေမယ့် တနိုင်ငံလုံးဆိုင်ရာ တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုက အရှိန်ပြန်တက်လာနိုင်သလား... - လားရှိုးဖြစ်စဉ်ကနေ ဘယ်လို သင်ခန်းစာတွေ ရယူနိုင်မလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ #BNN သတင်း အင်တာဗျူး youtube ချယ်နယ် ⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Comment