အိုးထိမ်းကွင်း သို့မဟုတ် ဒုတိယပဇီကြီး ၊ ဒုတိယလက်ယက်ကွင်း
ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းစာသင်ကျောင်းကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ဗုံးကြဲလို့ ကလေးငယ် အယောက် ၂၀ သေဆုံးပြီး ဆရာမ ၂ ယောက်လည်းသေဆုံးခဲ့ပါတယ်။
စစ်ကောင်စီက စာသင်ကျောင်းကိုသူတို့ဘယ်တော့မှဗုံးမကြဲပါဘူး၊ အကြမ်းဖက်လုပ်ရပ်ကို သူတို့ကမလုပ်ဘဲ PDF တွေကလုပ်တာပါလို့ ရုပ်မြင်သံကြားကနေ ဘူးခံငြင်းပါတယ်။
ဒါပေမဲ့ လေယာဉ်လာတာ၊ ဗုံးကြဲတာ၊ ကလေးငယ်တွေသေဆုံးတာတွေကိုသိတဲ့မြင်တဲ့ မျက်မြင်သက်သေပေါင်း ရာနဲ့ချီရှိပါတယ်။ စစ်ကောင်စီကလွဲပြီး ဘယ်နိုင်ငံကလေယာဉ်မှလည်း မြန်မာပြည်ထဲမလာပါဘူး။
အိုးထိမ်းကွင်းအဖြစ်အပျက်အသေးစိတ်ကို ဒေသခံရဲ့ပြောကြားချက်နဲ့တကွတင်ပြထားပါတယ်။