MENU

Fun & Interesting

စစ်ကောင်စီ အကြီးစားစစ်လက်နက်တွေ ထုတ်ဖို့ တရုတ်နဲ့ ရုရှား ကူနေ (ရုပ်/သံ)

The Irrawaddy News 149,892 2 weeks ago
Video Not Working? Fix It Now

ဧရာဝတီ၊ ဇန်နဝါရီ ၃၁၊ ၂၀၂၅ (ဧရာဝတီက စုံစမ်းဖော်ထုတ်ရေးသားထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။) အာဏာသိမ်း စစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်တွေနဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပြည်သူ့ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ခုခံတိုက်ခိုက်မှုကြောင့် သမိုင်းဝင်ရှုံးပွဲတွေ ကြုံတွေ့နေရပြီး ထိန်းချုပ်နယ်မြေတွေပါ ကျဉ်းသထက် ကျဉ်းမြောင်းလာနေပါပြီ။ ဒီတိုက်ပွဲတွေမှာ သုံးနေရတဲ့ လက်နက်ငယ်တွေအပါအဝင် တိုက်ခိုက်ရေးလေယာဉ်၊ ဒရုန်းနဲ့ အကြီးစား စစ်ဘက်ဆိုင်ရာသုံး တိုက်ခိုက်ရေး ယာဉ်တွေကို တရုတ်နဲ့ ရုရှားတို့ရဲ့ အကူအညီယူပြီး အားစိုက်ထုတ်လုပ်နေပါတယ်။ ဒီအတွက်လည်း စစ်ကောင်စီက၂၀၀၆ ခုနှစ် ဧပြီလမှာ စက်မှုဝန်ကြီးဌာနပိုင် စက်ရုံတွေကို သိမ်းပိုက်ပြီး တပ်မတော်အကြီးစားစက်ရုံတွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။ တကစ စက်ရုံတွေနဲ့ အကြီးစားစစ်လက်နက်ထုတ်လုပ်မှု အထောက်အထားအချက်အလက်တွေကို ဧရာဝတီက ရရှိထားပါတယ်။ ဒီအချက်အလက်တွေ အပေါ် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ အရာရှိတချို့နဲ့ CDM ပြုလုပ်လိုက်တဲ့ တကစ အရာရှိတချို့ ကလည်း အတည်ပြုထားပါတယ်။ #မြန်မာ #ဧရာဝတီ #တကစ #အကြီးစားစစ်လက်နက် #ဒရုန်း #တင့်ကား --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR

Comment