MENU

Fun & Interesting

လေးနှစ်အတွင်း ရန်ကုန်မှာ ဘာတွေပြောင်းလဲသွားလဲ

Myanmar Now News 55,717 12 hours ago
Video Not Working? Fix It Now

“အရင်ကသိခဲ့တဲ့ရန်ကုန် လုံးဝ မဟုတ်တော့ဘူး”- လေးနှစ်အတွင်း ရန်ကုန်မှာ ဘာတွေပြောင်းလဲသွားလဲ --------- မြန်မာပြည်သူတွေရဲ့ ဘဝပေါင်းများစွာ ဇောက်ထိုးမှောက်ခုံ ဖြစ်ခဲ့ရတဲ့ တကျော့ပြန် စစ်အာဏာသိမ်းမှု လေးနှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ အရင်က လျှပ်စစ်မီးရောင်တွေနဲ့ ပျားပန်းခတ် စည်ကားခဲ့တဲ့ ရန်ကုန်မြို့လယ်မှာတောင် အခုဆို ဓာတ်မီးထိုးပြီး လမ်းလျောက်နေရပါပြီ။ အလုပ်အကိုင် အခွင့်အလမ်း ပေါများသလို လူငယ်တွေရဲ့စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်ရာမြို့ ဖြစ်ခဲ့တဲ့ ရန်ကုန်မှာ လေးနှစ်အတွင်း ဘာတွေပြောင်းလဲသွားခဲ့ပါသလဲ။ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေ ပေါ်တာဆွဲခွင့်လိုင်စင် ရသွားတဲ့ စစ်မှုထမ်းဥပဒေရဲ့ နောက်ဆက်တွဲဂယက်ကကော ဘယ်လောက်ထိ ရိုက်ခတ်မှုကြီးမားပါသလဲ။ ရန်ကုန်မြို့က လူမှုစီးပွားဘဝ တစ်စိတ်တစ်ပိုင်းကို ဒီရုပ်သံထဲမှာ ကြည့်ရှုနိုင်ပါတယ်။ သတင်း၊ တင်ဆက် - အေဘီ

Comment