MENU

Fun & Interesting

စကြာဝဠာရဲ့ သက်တမ်းဟာ မူလခန့်မှန်းချက်ထက် နှစ်ဆခန့် ပိုမို အိုမင်းတယ် ဆိုတာ တကယ်ပဲလား

MM Pop Science 59,915 2 years ago
Video Not Working? Fix It Now

James Webb တယ်လီစကုပ် ကြီးကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေ ထဲမှာ စကြာဝဠာ ပေါ်စဦး နှစ်သန်း ၃၀၀-၄၀၀ ခန့် အတွင်းက ဂလက်ဆီ တွေအများအပြား ရှာဖွေ တွေ့ရှိခဲ့ ကြပါတယ်။ ဒီ ဂလက်ဆီတွေဟာ နှစ်သန်း ထောင်ချီ သက်တမ်းရှိတဲ့ ဂလက်ဆီ တွေအလား အရွယ်ရောက်ပြီး ဂလက်ဆီတွေ ဖြစ်နေကြပါတယ်။ ဒီအခါ ဘယ်လိုကြောင့် စကြာဝဠာရဲ့ သက်တမ်း နှစ်သန်း ၃၀၀ ကျော်လောက်ပဲ ရှိသေးတဲ့ အချိန်မှာ ရှိတဲ့ ဂလက်ဆီ တွေရဲ့ သက်တမ်းက စကြာဝဠာရဲ့ သက်တမ်းထက် ပိုပြီး အိုမင်းနေ ရတာလဲ ဆိုတာကို ပညာရှင်တွေ မဖြေရှင်းနိုင်ဘူး ဖြစ်နေပါတယ်။ ယခုအခါ ကနေဒါ နိုင်ငံက နက္ခတ် ပညာရှင် တစ်ဦးက စကြာဝဠာရဲ့ သက်တမ်းဟာ မူလ ခန့်မှန်းချက် ဖြစ်တဲ့ နှစ်သန်း ၁၃,၈၀၀ ထက် နှစ်ဆခန့် ပိုမို အိုမင်းတယ် ဆိုတဲ့ မှန်းဆချက် အသစ်တစ်ရပ်ကို တင်ပြလာ ခဲ့ပါတယ်။ ဒါဆို သူ့ရဲ့ မှန်းဆချက်က ဘယ်လောက်ထိ ခိုင်မာမှု ရှိသလဲ။ သူက ဘယ်အချက် တွေကို အခြေခံပြီး ခန့်မှန်းတာလဲ။ သူ့ ခန့်မှန်းချက်ကို ထောက်ခံတဲ့ အထောက်အထား ဘာတွေ တွေ့ထား ပြီးပြီလား။ အခြား နက္ခတ် ပညာရှင် တွေရဲ့ သဘောထားကရော ဘယ်လိုလဲ။ -------------- ကျွန်တော်တို့ရဲ့ ဆောင်းပါးတွေကို အောက်ပါ website မှာလဲ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 🔗 https://science.tinytechnotes.com Facebook 👉 https://www.facebook.com/myanmarscien... Telegram channel 👉 https://t.me/Mmscientist Twitter 👉 https://twitter.com/mmscience_blog

Comment