သာကေတမြို့နယ်၊ မြခွာညို ဝါဝါဝင်းအိမ်ရာမှာရှိတဲ့ သရုပ်ဆောင် မင်းသွေးရဲ့နေအိမ်ကို ဒီနေ့မနက်ကစလို့ အနုပညာရှင် တဖွဲဖွဲ ရောက်ရှိလာကြပါတယ်။ မင်းသွေးရဲ့ဖြစ်ရပ်အပေါ် အားလုံးက မယုံကြည်နိုင်ဖြစ်နေကြပြီး သူတို့ရဲ့ခံစားချက်တွေကို အခုလို ရင်ဖွင့်လာခဲ့ပါတယ်။
အောက်တိုဘာလ ၃ ရက်နေ့ည ၁၁ နာရီ ၄၀ ခန့်မှာ ဆုံးပါးသွားတဲ့ သရုပ်ဆောင် မင်းသွေး (အသက် ၃၃ နှစ်) ရဲ့ ရုပ်အလောင်းကို ယခု ရေဝေးသုဿာန်သို့ ပို့ဆောင်ထားပြီးဖြစ်ပြီး အောက်တိုဘာလ ၇ ရက်နေ့မှာ မီးသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။