MENU

Fun & Interesting

စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့် လူထုအုံကြွမှု (ယင်းမာပင်မြို့နယ်)

PVTV Myanmar 5,021 24 hours ago
Video Not Working? Fix It Now

စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့် လူထုအုံကြွမှု ဖေဖော်ဝါရီ ၁ ရက် ၊၂၀၂၅ ယင်းမာပင်မြို့နယ်တွင်း တစ်နေရာမှ လူထုသပိတ်တိုက်ပွဲ နံနက်ပိုင်း ဆိုင်ကယ်သပိတ် လူထုလှုပ်ရှားမှု ပြုလုပ်ပြီးနောက်တွင် လမ်းမထက် ပြည်သူတွေ၏ တော်လှန်အုံကြွမှု ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မှစ၍ မြန်မာနိုင်ငံသည် လွပ်လပ်ခြင်း၊တရားမျှတခြင်း အပါအဝင် အထွေထွေအကြပ်အတည်းပေါင်းစုံ ဆီသို ဆွဲချခံရ၊ အမှောင်ကျခဲ့ရတာ ၄ နှစ်တိတိပြည့်မြောက်ခဲ့ပြီဖြစ်သည်။မတရားမှုကို တော်လှန်ရင်း အခက်အခဲ ပေါင်းစုံ၊အသက်၊ဘဝ များစွာ ရင်းနှီးပေးဆပ် ထည့်ဝင်ထားရတဲ့ နွေဦးတော်လှန်ရေး ၏ ခရီးကြမ်း ၄ နှစ်ပြည့်မြောက်ခဲ့ခြင်းလည်း ဖြစ်သည်။ ပြည်သူလူထုကို ရန်သူသဖွယ်ဆက်ဆံရင်း ရက်စက်ကြမ်းကြုတ်မှုပေါင်းစုံဖြင့် လူတစ်စုကောင်းစားရေးအတွက် အစွမ်းကုန်ယုတ်မာနေသည့် အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထု၏ ဘုံရန်သူဖြစ်သည်။ ဘုံရန်သူသည် အဖက်ဖက်သော စစ်ရေးထွက်ပေါက်နှင့် နိုင်ငံရေး ထွက်ပေါက် နှစ်ခုစလုံးအား အားသွန်ခွန်စိုက် ရရှိရန် ကြိုးပမ်းလျက်ရှိသည်။ ပြည်သူလူထု၏ တော်လှန်မှုဖြင့် ဘုံရန်သူကို ထွက်ပေါက်မပေးဖိုလည်း အရေးကြီးပါသည်။ ပြည်သူလူထု၏ အခွင့်အာဏာကို မတရားသိမ်းယူခံထားရသည့် ၄ နှစ်ပြည့်မှ စ၍ ယခုထက်ပိုသော တော်လှန်စိတ်ဖြင့် ဆက်လက်တော်လှန်ပေးကြရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု လက်ဝယ်ရရှိရန် တိုက်ပွဲဝင်ပေးကြဖို တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ဤ လူထုလှုပ်ရှားမှု တွင် ပြည်သူလူထုနှင့်အတူ မြို့နယ်၊ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ယင်းမာပင်ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်၊ အမျိုးသမီးမဟာမိတ်အင်အားစု၊ ခေတ်ဟောင်းချိုးဖျက် ဒို့မျိုးဆက်သပိတ် နှင့် လူငယ့်အားမာန် သပိတ်တို့ပူးပေါင်းပါဝင်ခဲ့ကြသည်။

Comment