MENU

Fun & Interesting

မုန့်ပျားသလက် ကြွပ်ကြွပ်လေး #မုန့်ပဲသွားရည်စာလုပ်နည်းများ

Meemeetofu 54,641 lượt xem 6 years ago
Video Not Working? Fix It Now

ဒီမုန့်ပျားသလက် လုပ်တာမှာ တော်တော်လွယ်ကူပါတယ်၊ ဘိတ်ကင်းပေါင်ဒါ..ဘိတ်ကင်းဆိုဒါ တွေ ဘာမှ ထပ် ထည့်နေစရာမလိုဘဲ မွှေးက အသင့်စပ်ထားတဲ့ အမူန့်တွေ ရောပီးဖျော်သွားလိုက်တာပါဘဲ။
ပါဝင်ပစ္စည်း တံဆိပ်၊ အမျိုးအစား နဲ့ ထည့်တဲ့ ပမာဏ ကွာသွားရင် မုန့်သား ရလာဒ် ကွာသွားနိုင်ပါတယ်..။ အဲဒီလို ကွဲပြားသွားတဲ့အခါ မမီးလုပ်တာထက် ပိုကောင်းချင်လည်း ကောင်းသွားနိုင်တယ်.. မမီးလုပ်သလောက် စားမကောင်းဘဲ လည်း ဖြစ်နိုင်တယ်..။ ဒါကြောင့် ရက်စပီ တခု ကို လိုက်လုပ်တဲ့အခါ အတိအကျ လိုက်နာ လုပ်ကြည့်ပီးမှ.. နောက်တကြိမ်မှာ ကိုယ့်စိတ်ကြိုက် ထပ်မံ ဖြည့်စွက်ပြောင်းလည်း ပြုပြင်တာမျိုးလုပ်သင့်ပါတယ်။

မွှေး အကြော်မူန့် အထုပ်သေး ၁ ထုပ် ( ၆၀ ဂရမ်)
မွှေး မတ်ပဲ အကြော်မူန့် ထမင်းစားဇွန်း ၁ ဇွန်း မောက်မောက်
မွှေးဆန် အစိမ်းမူန့် ထမင်းစားဇွန်း ၂ ဇွန်းမောက်မောက်
ဆား အနည်းငယ်
သကြား အနည်းငယ်
****ရေ ၂၅၀- ၃၀၀ မီလီလီတာ
မုန့်ရည်ထဲမှာ ချင်းနံ့လေးပါစေချင်ရင် ချင်းကို ညက်အောင်ထောင်းပီးထည့်နိုင်ပါတယ်။

ပဲပြုတ်
ကြက်သွန်မြိတ် /နံနံပင်
ငရုပ်သီးစိမ်း
ဂေါင်္ဖီ
မဆလာ
ခရမ်းချဉ်သီး
ဆီစိမ်း
နှမ်းထောင်း ...စသည်တို့ကတော့ ကိုယ့်သဘော.. ကြိုက်သလိုထည့်ပါ။
မုန့်ရည်က ဇွန်းမှာ ကပ်ပါလာတာက အိုးအပူနဲနေလို့။ မုန့်ဖြန့်တာ ခရုခွေလို သွားရတယ် ဖြန့်ပီးသားနေရာကို ပြန်မထိမိဘဲ တရစ်ပီးတရစ် ဖြန့်ရတယ် မီးအပူက အိုးရဲ့့ ဘယ်နေရာမှာအ များဆုံးလဲ ..အနဲဆုံးလဲ သိရတယ် အပူများတဲ့နေရာမှာ ခပ်သွက်သွက်လေး ဆွဲပီး အပူ နဲတဲ့နေရာမှာ မသိမသာလေး ‌‌နှေးပီး ဆွဲရ

Comment