မြိုင့်လို မျှစ်ချစ်သူတွေရှိလားရှင့်။ မြိုင်တို့ အိမ်နားမှာ မျှစ်ပေါ်တာနဲ့ မျှစ်ဆန်လှော်ဟင်းရော ဝက်သားနဲ့ မျှစ်ပါကြော်စားလိုက်တယ်။ သွားကြိမ်းစေမယ့် သံပုရာသီးသုပ်လေးနဲ့ဆိုတော့စားမြိန်နေရော။
မြိုင်တို့ဆီမှာ မိုးဦးကျပြီး အလည်လောက်ရောက်ပြီဆို ခြံနောက် ဝါးပိုးရုံက မျှစ်တွေထွက်ပြီလေ ဒါတောင်အစုံမထွက်သေးဘူး မိုးနည်းနည်းများမှ ပိုထွက်တာ။
မြိုင်ကတော့ ကိုယ့်ဝါးရုံမဟုတ်ပေမဲ့ သူများဝါးရုံလည်း စားချင်သွားတောင်းလိုက်တာပဲ ပြီးရင် ဟင်းတစ်ခွက် ပြန်ပို့ပေါ့ ဝါးအရင်းပိုင်းကနုနုလေးဆိုတော့ မျှစ်ချဉ်ပါစိမ်လိုက်တယ် နောက်မှ ချက်စားရမယ်။ ကိုယ်တိုင်စိမ်တဲ့မျှစ်ချဉ်ဆိုတော့ ရှယ်ပဲရှင်