"သူ့ကျွန်မခံပြီ"ဇာတ်ကားကို သိန်း ၆၀၀ အကုန်ခံရိုက်ခဲ့တာပါဆိုတဲ့ ဒါရိုက်တာကြည်စိုးထွန်း
အရင်ခေတ်က ရုပ်ရှင်တစ်ကားကို ၁၀ သိန်း၊ ၁၅ သိန်းနဲ့ရိုက်ချိန်မှာ "သူ့ကျွန်မခံပြီ"ဇာတ်ကားကို သိန်း ၆၀၀ အကုန်ခံရိုက်ခဲ့တာပါဆိုတဲ့ ဒါရိုက်တာကြည်စိုးထွန်း
၁၆.၉.၂၀၂၄
ရိုက်ကူး/ တည်းဖြတ် - သန္တာ၊ အနိုင်
"မြန်မာရုပ်ရှင်တွေဟာ အရုပ်တွေ အသံတွေ ညံ့တယ်နေရင်တော့ တို့ဟာနောက်ကျနေမှာပဲဆိုပြီးတော့ အသံကောင်းကောင်း အရုပ်ကောင်းကောင်းရိုက်ချင်တဲ့စိတ်ပေါက်လာတာ။ ဘယ်လိုကားမျိုးရိုက်မလဲဆိုတော့ ဟိုဒင်းကို "သူ့ကျွန်မခံပြီ" ကျွန်တော်ကလေးတုန်းကပေါ့ ကျွန်တော် ၁၅ နှစ်သား၊ ၁၆ နှစ်သားမှာ အဲ့ဒီဟာကိုဖတ်တဲ့အခါကြ သဘောကျတယ်။ ဒါ ရိုက်လည်း ရိုက်သင့်တယ်။ ငါဒါမျိုးရိုက်ချင်တယ်ဆိုပြီးတော့ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ဆီသွားပြီးတော့ နှစ်ယောက်သားတိုင်ပင်။ အဲ့ဒီတုန်းက ရုပ်ရှင်တစ်ကားက ၁၀ သိန်း၊ ၁၅ သိန်းထုတ်လို့ရတဲ့အချိန်မှာ သိန်း ၅၀ လောက်ကုန်မယ့်အထိ ကိုယ်က စိတ်ကူးရတာပေါ့။ ဖြစ်သွားတဲ့အခါ ကိုယ်ကလည်း ပိုက်ဆံရှိလို့မဟုတ်ဘူး။ ပိုက်ဆံချမ်းသာတာမဟုတ်ဘူး။ အမျိုးတွေကိုလိုက်ပြောတော့ အမျိုးတွေကလည်း အဲ့လောက်မရှိဘူး။ အမျိုးတွေပေါင်းတာတောင်မှ အဲ့လောက်မရဘူး။ သူများတွေ ၁၀ သိန်း ၁၅ သိန်း မင်းကဘာဖြစ်လို့ သိန်း၄၀၊ ၅၀ ဖြုန်းချင်တာလဲဆိုပြီး မရိုက်ဖြစ်ဘူး။ အဲ့ဒီမှာ အဲ့ဒီကားက သိန်း၆၀၀လောက်ကုန်တယ်" ဒါရိုက်တာ ဦးကြည်စိုးထွန်း (မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ)
#ဒါရိုက်တာဦးကြည်စိုးထွန်း
#UKyiSoeTun
#မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ
#သူ့ကျွန်မခံပြီ
#MyanmarDirector
#mtentertainment