MENU

Fun & Interesting

အကြမ်းဖက်စစ်တပ်ကသတ်ဖြတ်လိုက်သည့်ကိုဖြိုးဇေယျာသော်၏ဇနီးဖြစ်သူမသဇင်ညွှန့်အောင်နှင့်တွေ့ဆုံခြင်း

Khit Thit Media 177,049 3 years ago
Video Not Working? Fix It Now

“ခြိမ်းခြောက်ထွက်ဆိုခိုင်းပြီး မမှန်သက်သေတွေပြတယ် မဟုတ်မမှန်တဲ့ ဥပဒေတွေနဲ့ စီရင်ချက်ချတယ်။ စစ်တပ်ရဲ့ ရိုင်းစိုင်းယုတ်ညံ့တဲ့လုပ်ရပ်အတွက် တရားမျှတမှုပြန်ပြီး ရရှိရေးအတွက် အစွမ်းကုန်ဆောင် ရွက်သွားမယ်” အကြမ်းဖက်စစ်တပ်က သတ်ဖြတ်လိုက်သည့် ကိုဖြိုးဇေယျာသော်၏ ဇနီးဖြစ်သူ မသဇင်ညွှန့်အောင်နှင့် တွေ့ဆုံမေးမြန်းခြင်း BY ရန်ကုန်ခေတ်သစ် စစ်ကောင်စီက ကိုဂျင်မီ(ခ) မင်းယုကျော်၊ ကိုဖြိုးဇေယျာ်သော်(ခ) မောင်ကျော် အပါအဝင် ဦးလှမျိုး အောင်၊ ဦးအောင်သူရဇော်တို့ လေးဦးကို စစ်ကောင်စီက ၎င်းတို့ချမှတ်ထားတဲ့ ဥပဒေတွေနဲ့ သေဒဏ်ချမှတ်ကာ တရားလက်လွတ် စီရင်ခဲ့ပါတယ်။ အခုလို ကာယကံရှင် မိသားစုဝင်တွေကို အသိမပေးဘဲ တရားရုံး လုပ်ထုံးလုပ်နည်း ဥပဒေတွေကို ချိုး ဖောက်ပြီး သေဒဏ်အမိန့် စီရင်လိုက်တဲ့ အပေါ်မှာ ကိုဖြိုးဇေယျာ်သော်ရဲ့ ဇနီးဖြစ်သူ မသဇင်ညွန့်အောင်ကဘယ်လို တုံ့ပြန်ဖို့ရှိနေလဲ။တော်လှန်ရေးလှုပ်ရှားမှုတွေကို ဘယ်လိုအတူတူလုပ်ဆောင်ခဲ့လဲ။ကိုဖြိုးဇေယျာသော်က ဘယ်လိုလူမျိုးလဲ။ကိုဖြိုးဇေယျာသော်ဖြစ်ချင်တဲ့ မြန်မာနိုင်ငံကြီးက ဘယ်လိုမျိုးလဲ ဆိုတာသိရအောင် မသဇင်ညွှန့်အောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

Comment