MENU

Fun & Interesting

ရွာလမ်း အခန်း (၁၂)

Spring 278 lượt xem 4 days ago
Video Not Working? Fix It Now

ရွာလမ်း အခန်း (၁၂)
============

အန်ကယ် ဝုဖ် က ဆေးတံကို မီးညှိလိုက်သည်။ ထို့နောက် ဖရက်ဒရစ်ထံတွင် တစ်ပုံတည်းသာ သိမ်းဆည်းထားသော ဓာတ်ပုံကို သေချာကြည့်နေ၏။

"သမန်းဝံပုလွေ တွေမှာ အမျိုးအစား(၄)မျိုးရှိတယ်..ဖရက်ဒရစ် ။ အသွင်ပြောင်းသမန်းဝံပုလွေ၊ လူတစ်ပိုင်းသမန်းဝံပုလွေ၊ သမန်းဝံပုလွေအစစ် ၊ သန္ဓေပြောင်းသမန်းဝံပုလွေ ဆိုပြီး အမျိုးအစားတွေ ခွဲထားတယ်။

ဝိဇာကာချီရဲ့ ကောင်းချီးနဲ့ ကျိန်စာကနေ ဖြစ်ပေါ်လာကြတာ။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မာယာလူမျိုးတို့ရဲ့ နတ်ဘုရားဝိဇာကာချီ ဟာ သူ့အပေါ်ကျေးဇူးရှိခဲ့တဲ့ Fox tribe မျိုးနွယ်စုထဲက ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ ကီမီနဲ့ မက်ချိဟူး တို့ကို သမန်းဝံပုလွေအစွမ်း ကောင်းချီးပေးခဲ့တယ်။ ဒီအစွမ်းဟာ ကိုယ်အလိုရှိသလို သမန်းဝံပုလွေအဖြစ်အသွင် ပြောင်းလဲနိုင်ပြီး အမဲလိုက်တဲ့အခါမှာပဲ သုံးဖို့ နတ်ဘုရားဝိဇ္ဇာကာချီက မှာကြားခဲ့တယ်။

တစ်နေ့မှာတော့ အငယ်ကောင် မက်ချိဟူးဟာ လူငယ်တစ်ယောက်နဲ့ ရန်ဖြစ်ရာက စိတ်မထိန်းနိုင်ပဲ ဝံပုလွေအသွင်ပြောင်းပြီး ကိုက်သတ်လိုက်မိတယ်။ ဒါကို အကြီးကောင် ကီမီ ကလည်း မတားဆီးခဲ့ပါဘူး။

#spring
#audiobook
#khetzaw
#horror

Comment