MENU

Fun & Interesting

စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့နှင့် ဆက်သွယ်မေးမြန်းချက်

Myanmar Now News 210,773 11 months ago
Video Not Working? Fix It Now

စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့နှင့် ဆက်သွယ်မေးမြန်းချက် --------------------------------- စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းပြီး တစ်လခန့်အကြာမှာပင် နိုင်ငံအဝှမ်းရှိ အသက် ၁၈မှ ၃၅နှစ်အတွင်း အမျိုးသားများ၏ အမည်စာရင်းကို ကောက်ခံရန် စစ်ကောင်စီက ညွှန်ကြားလိုက်ပြီဖြစ်သည်။ ရန်ကုန်၊ နေပြည်တော် အပါအဝင် ဒေသအချို့တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများဦးဆောင်ကာ လွန်ခဲ့သည့် ရက်ပိုင်းကစတင်ကာ အသက်အရွယ် အကျုံးဝင်သူများ၏ စာရင်းကောက်ယူခြင်း၊ ရပ်ကွက်ရုံးသို့ ဆင့်ခေါ်ခြင်း၊ အချို့မြို့နယ်များတွင် မဲနှိုက်််််ပြီး လူရွေးချယ်ခြင်းတို့ ပြုလုပ်နေသည်။ အိမ်ထောင်စုစာရင်းအရ စစ်မှုထမ်းရန် အသက်အကျုံးဝင်သူ တစ်ဦးဦးသည် နေအိမ်တွင် မရှိပါက၊ ကျန်ရှိသည့် မိဘအုပ်ထိန်းသူ သို့မဟုတ် ဆွေမျိုးသားချင်းတစ်ဦးဦးက ခိုင်လုံသည့် အကြောင်းပြချက် ပေးနိုင်ရမည်ဟု စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ပြောသည်။ အကြောင်းပြချက်မခိုင်လုံပါက ‘တရားခံပြေး’ အဖြစ်သတ်မှတ်မည်ဟု ဆိုသည်။ စစ်မှုမထမ်းလို၍ တိမ်းရှောင်ပါက အုပ်ထိန်းသူကို အရေးယူ၊ မယူရန် ကိစ္စကို မကြာခင် ထွက်ရှိလာမည့် စစ်မှုထမ်းနည်းဥပဒေတွင် ထည့်သွင်းသွားမည်ဟုလည်း ဆိုသည်။ ယခုနှစ်၊ မေလအတွင်း လူ ၅၀၀၀ခန့်ကို စတင်၍ ပထမဆုံး စစ်သင်တန်းပို့ချရန် စစ်ကောင်စီက စီစဉ်ထားသည့် အခြေအနေများနှင့်ပတ်သက်ပြီး ‘စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့’ က ဖြေကြားထားသည်။ သတင်း - စထွန်းအောင်

Comment