MENU

Fun & Interesting

လျှပ်စစ်မီးရရှိရေးကြိုးစားနေကြမှုအပေါ် မှန်မှန်ကန်ကန်လုပ်ဆောင်ဖို့ စစ်ကောင်စီဝန်ကြီးကို BGFသတိပေး

Than Lwin Khet 15,834 1 day ago
Video Not Working? Fix It Now

မြဝတီမြို့ လျှပ်စစ်မီးရရှိရေးကြိုးစားနေကြမှုအပေါ် မှန်မှန်ကန်ကန်လုပ်ဆောင်ဖို့ စစ်ကောင်စီဝန်ကြီးကို BGF စစ်ဒေသမှူး သတိပေး သံလွင်ခက် ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၅။ ကရင်ပြည်နယ်၊ မြဝတီမြို့ လျှပ်စစ်မီး ပြန်လည်ရရှိရေးကြိုးစားမှုတွင် မှန်မှန်ကန်ကန်လုပ်ဆောင်ရန် စစ်ကောင်စီ၏ ကရင်ပြည်နယ်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းကို ကရင်နယ်ခြားစောင့်တပ် BGFတပ်ဖွဲ့၏ စစ်ဒေသ၂ ဒုတိယဗိုလ်မှူးကြီး စောတင်ဝင်းက သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံဘက်က ထိုင်း - မြန်မာ နယ်စပ် နေရာ ၅ ခုကို လျှပ်စစ်မီး ဖြတ်တောက်ပြီးနောက် BGF အနေဖြင့် မြဝတီမြို့ကိုလျှပ်စစ်မီး ပြန်လည်ရရှိစေရန် ကြိုးစားခဲ့ကြသည်ဟု ဆိုသည်။ ဒုဗိုလ်မှူးကြီး စောတင်ဝင်းပိုင်ဆိုင်သော ရွှေမြစ်သောင်ရင်း ကုမ္ပဏီ အပါအဝင် Nyi Naung Oo Co., Ltd. & Enova Grid Enterprise (Myanmar) Co., Ltd များသည် လျှပ်စစ်မီး ပြန်လည်ရရှိရန်အတွက် စစ်ကောင်စီ၏ ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံ တင်ပြခဲ့သည်။ ထို့နောက် ခရိုင်မှ တဆင့် ပြည်နယ်သို့ ဆက်လက်တင်ပြရာတွင် ရွှေမြစ်သောင်ရင်း ကုမ္ပဏီ မပါဝင်ခဲ့သည့်အပေါ် BGFတပ်ဖွဲ့၏ စစ်ဒေသ၂ ဒုတိယဗိုလ်မှူးကြီး စောတင်ဝင်းက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

Comment