MENU

Fun & Interesting

ဂန္ဓမာ ဂျာကြီး

Office Diary - Official Channel 313,682 lượt xem 3 years ago
Video Not Working? Fix It Now

လွန်လေပြီးသော ၈ လတာ ကာလ ကပေါ့ကွယ် ...

OD အဖွဲ့ လေး ဟာ အားလုံးကို ပုံမှန် မြင်တွေ့နေကြ ပုံစံတွေကနေ ကွဲထွက်ပြီး ကြည့်ရှုနိုင်စေဖို့ အတွက် precaution တွေ သေချာယူပြီး ရန်ကုန်ကနေ မိုင် ၄၀၀ ကျော်မှာ ရှိတဲ့ တောင်ပေါ် မြို့လေးကို အခက်အခဲတွေ ကြားက အားလုံးအတွက် ခရီး ထွက်ခဲ့ကြတယ် ...

အရဲစွန့်ပြီး ထွက်လာလိုက်ကြတာ ... ဟိုရောက်တော့ စိမ်းစိမ်းစိုစို မြင်ကွင်းတွေ နဲ့ မြို့လေးရဲ့ အေးချမ်းမှုတွေက အဖွဲ့သားတွေ အားလုံး ကို အမောပြေစေခဲ့တယ် ...

အဖွဲ့သားအားလုံးလဲ အကောင်းဆုံး တင်ဆက်မှု တွေ ပေးနိုင်ဖို့ တတ်စွမ်းသလောက် ကြိုးစားခဲ့ ကြတယ် ....

COVID ကြောင့် ပိတ်လှောင် နေကြတဲ့ စိတ်တွေ ဟာ လတ်ဆတ် တဲ့ လေပြေတွေ နဲ့ အတူ အရာရာဟာ အစကပြန်စကြဖို့ အရှိိန်ရပြီးကာမှပဲ ...

အားလုံးရဲ့ မနက်ခင်းတွေဟာ မှောင်အတိ ကြသွားခဲ့ရတော့တယ် ...

COVID ကြောင့် ထိခိုက်ခဲ့ ရတာတွေဟာ COVID ထပ်ဆိုးတဲ့ အရာ ကြောင့် အပြီးတိုင် ပျက်စီး သွားကြရတယ် ...

၈ လ ကြာ ခဲ့ ပြီ ... ခုထိလဲ ပိုပို ဆိုးရွားနေကြတုန်းပါပဲ

ဒါပေမယ့် ကျနော်တို့ ဟာ သက်ရှိလူသားတွေ ဖြစ်လို့ ရပ်တန့်နေလို့ မရပါဘူး ဆက်သွားကြရမှာပါပဲ ... လုပ်သင့်တာကို လဲ လုပ်ကြရင်းနဲ့ပေါ့

ဒီနေ့ တင်ပေးမယ့် အပိုင်းလေးက OD ရဲ့ OD on Trip ရဲ့ Day - 2 အပိုင်းလေးပါ

Day - 1 နဲ့ Day - 2 ဟာ ၈ လ လောက်ကြာတဲ့ ရတာ ဒီနိုင်ငံမှာပဲ ရှိပါတယ် 😪

ဒါတောင် ကျနော်တို့ Facebook မှာ video အပြည့် ကို မတင်ဆက်နိုင်သေးတာ နားလည်ပေးပါ ...

YouTube မှာတော့ full video ကို တင်ဆက်ပေးထားပါတယ်

အားရင် / အဆင်ပြေရင် သွားကြည့်လို့ ရပါတယ်ပေါ့ ဗျာ

နားလည်ပေးကြတဲ့ ကျနော်တို့ နဲ့ လက်တွဲလုပ်ကိုင် ကြတဲ့ client အသီးသီးကို လဲ ကျေးဇူးတင်ရပါတယ် ...

ချစ်ပေးကြလို့ လဲ ကျေးဇူးပါ

ဒီနေ့ အပိုင်းလေး ရဲ့ အဓိက sponsor ပေးတဲ့ လုပ်ငန်း တွေဆို ခုလို ကာလမှ အရမ်းကို ထိခိုက် နစ်နာ သွားခဲ့ ကြရပါတယ် ... နိုင်ငံတကာ လုပ်ငန်းတွေ များစွာ ပြန်ထွက်သွားကြတာ ဟာ ကျနော်တို့ ရဲ့ client လုပ်ငန်း အတွက်တင် မဟုတ်ပဲ ကျနော်တို့ အားလုံး အတွက်ပါ ကြီးမားတဲ့ ဆုံးရှုံး နစ်နာ မှု ပါ ဗျာ

ကျနော်တို့ တိုင်းပြည်က စတောင် မစကြရသေးဘူး ... ခုတော့ အဆုံးသတ်ခဲ့ရပြန်ပြီ ...

ဘာပဲ ပြောပြောဗျာ ... ဒီ video လေးတွေက ခင်ဗျား တို့ အတွက် ခဏ ဖြစ်ဖြစ် ဘဝအမောပြေရင် ကျနော်တို့ အားထုတ်ရကြိုး နပ်ပါပြီ ...

Main Sponsorship Link
https://www.facebook.com/gandamar.mm

မင်မင် 🤍🍀

Join this channel to get access to perks:
https://www.youtube.com/channel/UCvvm4lGN-Lye1sokQsS-4hg/join

Official Channel of Office Diary !

People Diary Channel Link
https://www.youtube.com/channel/UCZm3zerEq9obomv04gPXEgQ

About OST
OD on Trip Day - 2
Episode - 2
Location - Moment Farm , Maymyo
Composer - Kyar Pouk
Singer - Si Thu ( The Marionette )

ကိုကျားပေါက် Music Director အဖြစ် ဆောင်ရွက်ပေးထားပြီး ဆရာမင်းခိုက်စိုးစန် ရိုက်ကူးထားသည့် ရုံတင်မပြသရသေးတဲ့ Moment ရုပ်ရှင် ဇာတ်ကားမှ ဇာတ်ဝင်သီချင်းတစ်ပုဒ် ကို ထည့်သွင်း အသုံးပြုပေးထားပါသည်။

OD ကို ချစ်ခင်သောအားဖြင့် ယခု video ၏ အပြည့်အဝ ကို ဖြစ်စေ ၊ တစ်စိတ်တစ်ပိုင်း ကို ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းမျိုး မပြုလုပ်ကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။

OD Team

Comment