‘သူများတွေ ပြောကြသလို မိဘတွေ ရန်ငြိုးရန်စရှိလို့ ကလေးကို အခုလိုလုပ်လိုက်တာ မဟုတ်ပါဘူး။ ကျနော်တို့ မိသားစုက ဘယ်သူနဲ့မှ အဆင်မပြေတာ မရှိပါဘူး။ နောက်ထပ် ဒီလို ဖြစ်ရပ်မျိုး ထပ်မပေါ်ပေါက်အောင် တရားခံကို ထိုက်သင့်တဲ့ ပြစ်ဒဏ် ခံရစေချင်တယ်’ လို့ ပြောလာတဲ့ သားလေး ဇွဲမာန်သစ် ရဲ့ မိဘနှစ်ပါး နှင့် ခဏတာ။
ပဲခူးတိုင်းဒေသကြီး ၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာ အနောက်ပိုင်းမှာ နေထိုင်တဲ့ ကိုအေးဇော်မြင့် နှင့် မနွယ်နွယ်စိုး တို့ရဲ့ (၃) နှစ် အရွယ် သားလေး ဇွဲမာန်သစ် ဟာ ဖေဖော်ဝါရီလ (၂၄) ရက်နေ့က နေအိမ်မှာ ပျောက်ဆုံးသွားခဲ့ပြီး၊ (၂) ရက်မြောက်နေ့မှာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
@MyanmarCelebrity #ဇွဲမာန်သစ် #ZweMarnThit #ကလေးပျောက် #ကိုအေးဇော်မြင့် #မနွယ်နွယ်စိုး