MENU

Fun & Interesting

ပြိုမှာလေလား မိုးရဲ့ #အောင်ပြည့် #ဘုန်းမြတ်ထင် အစ-အဆုံး

Video Not Working? Fix It Now

စာအုပ်အမည်-ပြိုမှာလေလား မိုးရဲ့ စာရေးသူ-အောင်ပြည့် စာဖတ်သူ - ဘုန်းမြတ်ထင် ပြိုမှာလေလားမိုးရဲ့.... ဒီစာအုပ်ဟာ ၆၂မျိုးဆက် ဆရာအောင်ပြည့်ရေးတဲ့ တက္ကသိုလ်နောက်ခံ၀တ္ထုတစ်ပုဒ်ဖြစ်ပါတယ်။အချစ်ဇာတ်လမ်းဆိုပေမဲ့ ၇၊၇၊၆၂ အရေးအခင်းကိုပါမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီစာအုပ်ထုတ်ဝေချိန်မှာ ၀တ္ထုစာအုပ်တွေကိုစီစစ်ရေးမရှိသေးတဲ့အတွက် ထုတ်ဝေခွင့်ရခဲ့ပြီး နောက်ပိုင်းမှာ အစိုးရက ဒီစာအုပ်ပြန်လိုက်သိမ်းခဲ့ပါတယ်။ ဒီဇာတ်လမ်းက ကိုခင်ညိုရဲ့ဘ၀ကို‌အဓိကထားရေးသားထားတာဖြစ်ပါတယ်။ အချစ်၀တ္ထုသဘောမျိုးဖြစ်ပေမဲ့ တကသအဆောက်အဦးကြီး အပေါ်ထပ်က အစည်းအဝေးခန်းမပုံစံတွေ၊အောက်ထပ်က အဘဦးကံသိန်းဆံပင်ညှပ်ဆိုင်၊ခင်ညို့ဆရာ ဦးနန်းဝေပန်းချပြခန်းနဲ့လက်ဖက်ရည်ဆိုင်တွေရယ် ကျောင်းသားဘ၀မှာကံကော်ပန်းတွေတက်ခူးကြပြီး အင်းလျားဆောင် သီရိဆောင်ကအမျိုးသမီးတွေကို ပိုးပန်းခဲ့ကြပုံတွေကိုဖော်ပြထားတာမို့ အဲ့ခေတ်က တက္ကသိုလ်ရဲ့ ရနံ့တွေကိုခံစားရမှာပါ။ *ပြိုမှာမလို့ညို့နေတာလားဖြူရယ်*တဲ့။ တကယ်ပြိုခဲ့ပါသည်။ ခင်ညိုလည်းပြိုခဲ့ပါသည်။ ဖြူလည်းပြိုခဲ့ပါသည်။ ကျွန်တော်တို့လည်း ပြိုရမှာ အသေချာပါ။ #Doh_Ah_Nyar #ဒို့အညာ #audiobook #ဒို့အညာဘလော့ကင်း #လွမ်းရတဲ့အညာ #ချက်စားမယ် #Doh_Ah_Nyar_RCS_Fund #YourRCSTheirChange #FBBonusForChange

Comment