မုန့်ဆိုင်တွေပေါတဲ့ ကျောက်မြောင်းထဲက ဝက်ဆလပ်ကင်၉၀၀၀ ကျပ်နဲ့ ဟော့ဖြစ်နေတဲ့ဘတ်ဂျက်ဆိုင်လေး
ဒီဆိုင်လေးမှာက လူငယ်တွေအကြိုက် အစားအသောက်ကောင်းတွေရပြီး ဘတ်ဂျက်လည်းတန် ၊ ပရိုမိုးရှင်းတွေလည်းရှိနေတာမို့ ကျောက်မြောင်းတဝိုက် ဟော့ဖြစ်နေတဲ့ဆိုင်လေးပေါ့ ..
အခုလည်း ဆိုင်မှာ January တစ်လလုံး 🎉Happy Hours ( 11 am~ 5 pm ) အတွင်း ပင်လယ်စာဗန်းမှာတာနဲ့ ခေါက်ဆင့်ပါတူး ( ပွဲသေး ) တစ်ပွဲကို ၁၀၀၀ ကျပ်တည်းနဲ့ ထပ်ဝယ်စားလို့ရမှာတဲ့ .. ရှယ်တန်ကြီးဗျာ
အစားအသောက်စျေးနှုန်းတွေက ၃၀၀၀ လောက်ကစရပြီး ပုံမှန်ဟင်းပွဲတွေဆို ၅၀၀၀/၆၀၀၀ ပတ်ချာလည်ကများတယ် ..
ဆိုင်လေးက လူစည်ကားတဲ့ သတိပဋ္ဌာန်လမ်းမပေါ်မှာပဲဖြစ်တာကြောင့် ဘော်ဒါတွေ မုန့်စားရင်း ညနေခင်းဆိုရင် Street Vibe လေးကိုလည်းခံစားလို့ရတယ် ..
ဆိုင်နာမည် : ရှယ်ဂွတ် ဂွတ်ရှယ်
ဖုန်းနံပါတ် : 09457775266
လိပ်စာ : သတိပဋ္ဌာန်လမ်းမပေါ် AYA Bank မျက်စောင်းထိုး ၊ ကျောက်မြောင်းရပ်ကွက် ၊ တာမွေမြို့နယ်။
#burmeseguide #foodblogger #foodvlog #foodie