နိုင်ငံရေးအယူဝါဒတွေအားလုံးလုံးလိုလိုက “လွတ်လတ်ခွင့်ရှိရမယ်” လို့ကတိပေးကြတာချည်းဖြစ်ပါ တယ်။ သို့သော် လွတ်လပ်ခွင့်/လွတ်လပ်မှု ဆိုပြီး နိုင်ငံရေးဝါဒအမည်နာမနဲ့ရှိနေတဲ့ နိုင်ငံရေးအယူဝါဒ က (လေဘရယ်လစ်ဇင်း) ဖြစ်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေကို ကြီးကြီးမားမား လွှမ်းမိုး ထားတဲ့ဝါဒလေဘရယ်ဝါဒ ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက်လုံး အထပ်ထပ်အခါခါ ပြောင်းလဲလာခဲ့ သလို ပုံစံအမျိုးမျိုးကွဲပြား ခြားနားနေပါတယ်။ လစ်ဘရယ်ဝါဒသဘောတရားတွေက နားလည်ရခက် သလောက် လွတ်လပ်ခြင်းကို ခုံမင်နှစ်သက်သူ လေဘရယ်တွေ ဒီသဘောတရားနောက် ကောက် ကောက်ပါအောင်လိုက်ပါ အမဲလိုက်ရှာဖွေ ကြပါတယ်။ သို့သော် လွတ်လပ်မှုကို ဘယ်လိုသတ်မှတ် သင့်သလဲ၊ ဘယ်လိုအကောင်အထည်ဖော်သင့်သလဲ ဆိုတဲ့နေရာမှာ ခြားနားတဲ့ လေဘရယ်လှုပ်ရှား တွေနဲ့အတူ သိသိသာသာခြားနားတဲ့ သဘောထားတွေ ရှိနေပါတယ်။ ပုဂ္ဂလိကအမှုကိစ္စတွေ၊ စီးပွား ရေးရာ နဲ့ လူမှုဖူလုံးရေးကိစ္စတွေမှာ အစိုးရက ဘယ်အခန်းကဏ္ဍကပါဝင်သင့်သလဲ။ ယေဘုယျအား ဖြင့် လွတ်လပ်မှုဝါဒရဲ့ ဗဟိုချက်မ အဓိကဆိုလိုရင်းက ပုဂ္ဂလိကဖြစ်ခြင်း၊ ယုတ္တိတန်ခြင်း၊ လွတ်လပ်မှု၊ တရားမျှတမှု နဲ့ သည်းခံခွင့်လွတ်ခြင်း တွေဖြစ်တယ်လို့ ယူဆရပါတယ်။ သို့သော် အဓိပ္ပါယ်ဖွင့်ဆို ချက်တွေနဲ့အတူ ဒီနိယာမတစ်ခုချင်းစီရဲ့အရေးပါမှုကို ရှုမြင်ကြရာမှာ ရှုပ်ထွေးသွားကြရပါတယ်။ လေဘရယ်ဝါဒရဲ့ ဒဿနအရင်းအမြစ်တွေကို ဉာဏ်အလင်းပွင့်ခြင်း၊ ယုတ္တိဆန်ခြင်း နဲ့ လွတ်လပ်စွာ တွေးခေါ်ခြင်းတွေကို အလေးအနက်ထားတာ တွေ့ရပါတယ်။ အင်္ဂလိပ်ဒဿနပညာရှင် ဂျွန်လောခ် (John Locke) ကို နိုင်ငံရေးလွတ်လပ်ခြင်းဝါဒ ခေါင်းကိုင်ဖခင် တွေထဲက တစ်ဦးလို့ အများတို့ရှုမြင် ကြတာတွေရှိနေပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်ကို အားပေးထောက်ခံခဲ့သူ လောခ် ဟာ လူ့အဖွဲ့ အစည်းအတွက် နိုင်ငံသားတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်နဲ့ပတ်သက်လို စောတကတက်ခဲ့ပါတယ်။ ရှင်သန်ရပ်တည်ခွင့်၊ လွတ်လပ်ခွင့် နဲ့ ပိုင်ဆိုင်ခွင့် စသည်ဖြင့် ဒါတွေက နိုင်ငံသား တစ်ဦးချင်းစီရဲ့ မွေးရာပါ အခွင့်အရေးတွေဖြစ်တာကြောင့် လောခ်ရဲ့အဆိုအရ၊ ဒီအခွင့်အရေးတွေကို အစိုးရက ကာ ကွယ်ပေး ထားရမှာဖြစ်တယ်။ အစိုးရတစ်ရပ်ရဲ့တာဝန်သာဖြစ်ပြီး ပြည်သူတွေအနေနဲ့ သူတို့ကို အ ကာအကွယ်ပေးဖို့ ပျက်ကွက်တဲ့အစိုးရကို ဖြုတ်ချပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ အစောပိုင်း လေဘရယ်ဝါဒရဲ့ နိုင်ငံရေးရှုထောင့်တွေကို လေ့လာကြည့်မယ်ဆိုရင် (၁၇၇၆) ခုနှစ်၊ အမေရိကန် တော်လှန်ရေးဟာ ဂျွန်လောခ်ရဲ့ အဆိုတွေကနေ ဗွေဆော်ဦး သွေဖည်သွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုလို့ သုံး သတ်နိုင်ကြပါတယ်။
=========================
Music: - Vesper on the shore - The Mini Vandals
=========================
Refs: - https://www.youtube.com/watch?v=Q08rTDZ2xqY
- https://www.britannica.com/topic/social-Darwinism
- https://en.wikipedia.org/wiki/John_Locke
- https://www.freiheit.org/yangon/what-liberalism
========================
Recommend:
- https://youtu.be/1maCfil89RE?si=_v-gL3UI8Hxwv79C