MENU

Fun & Interesting

ငလျင်ကြောင့်ပေါ်လာတဲ့ ရေနန်းတော် (ရုပ်/သံ)

The Irrawaddy News 356,612 lượt xem 2 weeks ago
Video Not Working? Fix It Now

ငလျင်ကြောင့်ပေါ်လာတဲ့ ရေနန်းတော် (ရုပ်/သံ)

ဧရာဝတီ၊ ဧပြီ ၈၊ ၂၀၂၅

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ရတနာပူရ၊ အင်းဝမြို့ဟောင်းမှာ ငလျင်လှုပ်ပြီးနောက် ထွက်ပေါ်လာခဲ့တဲ့ ရေနန်းတော်ကို စစ်ကောင်စီရဲ့ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန က တူးဖော်ထိန်းသိမ်း သွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

အင်းဝမြို့မှာ ကုန်းဘောင်ခေတ်ဦး ဆင်ဖြူရှင်မင်းနဲ့ စစ်ကိုင်းမင်း လက်ထက်က တည်ဆောက်ခဲ့တဲ့ ရေနန်းတော်လို့ လက်ဝဲနော်ရထာ အမတ်ရဲ့ ပုရပိုက်ပုံမှာ ဖော်ပြထားတယ်လို့ဆိုပါတယ်။

ကနဦးတွေ့ရှိချက်အရ ရှေးမြန်မာမင်းတွေ ရေနဲ့ သက်ဆိုင်တဲ့ ပွဲလမ်းသဘင် အခမ်းအနားတွေကို ကြည့်ရှုဖို့ အသုံးပြုတဲ့ အဆောက်အအုံ ဖြစ်နိုင်ပြီး ရေနန်းတော်လို ကြီးကျယ်တဲ့ အဆောင်ခန်းတွေပါဝင်တဲ့ အဆာက်အအုံမဖြစ်နိုင်တဲ့အတွက် ရေနန်းဆောင်လို့သာ ခေါ်သင့်ကြောင်းလည်း ဆိုထားပါတယ်။

ရေနန်းတော်ဆိုတာ ဘာလဲ၊ ဘယ်နှစ်ရာစုလောက်က ဘယ်လိုမြေအောက်ထဲကို နစ်မြုပ်ခဲ့တာလဲဆိုတာတွေနဲ့ပတ်သက်ပြီး အလွတ်တန်း ရှေးဟောင်းသုတေသနပညာရှင် တဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

#မြန်မာ #ဧရာဝတီ #အင်းဝ #ရှေးဟောင်း #ရေနန်းတော် #ကုန်းဘောင်ခေတ်

Comment