စီးပွါးရေး လုပ်တယ်ဆိုတာ ဘယ်တော့မှ နောက်ကျတယ်မရှိဘူး
ကိုယ်ဝင်မဲ့ ဈေးကွက်ထဲမှာ ကိုယ့်ထက် ကြီးတဲ့ ကျားကြီး တွေ ရှိနေလဲ ဂရုစိုက်စရာမလိုဘူး
အဲ့လိုကြေးဆို ဖုန်းလောကမှာ Nokia (နိုကီရာ) ကို ကျော်ပြီး (အက်ပဲလ်) Apple တို့ (ဆမ်ဆောင်း) Samsung တို့ဖြစ်လာမှာမဟုတ်ဘူး
(ဝိုင်ကေကေအို) YKKO ဆိုတာ မြန်မာနိုင်ငံမှာ ပထမဆုံး ကြေးအိုးစတီထွင်တဲ့ ဆိုင်မှမဟုတ်တာ...ခု သူ ဘယ်ဈေးကွက်အနေအထားမှာရှိနေလဲ
လွန်ခဲ့တဲ့ အနှစ် ၂၀ ဒွေးနဲ့ ထက်ထက်မိုးဦး ကြော်ငြာ ခေတ်တုန်း က ရွှေဆိုင်လောကမှာ ဇွဲထက်ဆိုတာ ရှိခဲ့လို့လား...
(စီးတီးမတ်)City mart ဆိုတာ မြန်မာပြည်ရဲ့ ပထမဆုံး (စူပါ မားကတ်)Super market မှ မဟုတ်ခဲ့တာ...
ကားလောက ရဲ့ စဦးတီထွင် အနောက်နိုင်ငံတွေကို ရှိန်နေလို့ ကားလောကထဲ ဝင်မလာခဲ့ရင် ယနေ့ (တိုယိုတာ) Toyota, (နစ်ဆန်)Nissan, (ဟွန်ဒါ) Honda, (မာဇဒါ) Mazda, (ဟွန်ဒေး) Hyundai, (ကီရာ)Kia ကားတွေ ကမ္ဘာ့ လမ်းမထက်တွေမှာ မြင်ရမှာမဟုတ်ဘူး
လုပ်ငန်းတူတွေကို ကြောက်ပြီး အဲ့လောကထဲ မဝင်ကြေးသာဆို (ဘရန်း)Brand အသစ် လုပ်ငန်းအသစ်တွေ ပေါ်လာစရာမရှိဘူး
တစ်ခုဘဲ...
ဗျူဟာ မှန်ဖို့ရယ် ကိုယ့်ထက် အရင် ဦးပြီးသား (စီနီယာ) Seniorလုပ်ငန်းတွေထက် ပိုကောင်းအောင် မတူကွဲပြားအောင်လုပ်ဖို့တော့လိုတယ်...
ဒီနေ့မှာ အသက်(၃၀)မတိုင်ခင် ကြီးပွါးချမ်းသာလိုသူတိုင်း သိထားရမယ့် တန်ဖိုးကြီးအကြောင်းအရာတွေကို မျှဝေပေးသွားမှာပါ
ကြည့်ကြရအောင်
#အ_လီ_ဘာ_ဘာ_စာ_ကြည့်_တိုက်
#အ_လီ_ဘာ_ဘာ