အကြော်စုံ
အခုတခါကတော့ အိမ်မှာအကြော်စုံလေးကလဲ လုပ်စားချင်၊ ဈေးထွက်ဝယ်ဖို့ကလဲ သိပ်အဆင်မပြေလှတဲ့အချိန်ဖြစ်နေပါတယ်။ အိစံကို မွှေးကနေ အကြော်စုံအမှုန့်လေးတွေ ပေးထားတော့ တော်တော်အဆင်ပြေသွားတယ်။ မွှေးအထုပ်လေးတွေ သုံးပြီး အိစံအကြိုက်ဆုံး အကြော် ၄ မျိုးလုပ်စားလိုက်တယ်။ အားလုံးလဲ ဒီ Stay Home ကာလမှာ အိစံလို အကြော်လေးတွေစားချင်ရင် ဒီ Video လေးကြည့်ပြီးလုပ်စားကြည့်နော်။
မတ်ပဲ ဘယာကြော်
ပါဝင်သောပစ္စည်းများ
၁။ မတ်ပဲ ဘယာကြော်မှုန့် - တထုပ် (၁၅၀ ဂရမ်)
၂။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၃။ ဂျင်း - လက်တဆစ်
၄။ ဖီးကြမ်း ငှက်ပျောသီး - ၁ လုံး
၅။ ရေ - ထမင်းစားဇွန်း ၈ ဇွန်း (သို့) ၉ ဇွန်း
မန္တလေး ပဲကပ်ကြော်
ပါဝင်သောပစ္စည်းများ
၁။ မန္တလေး ပဲကပ်ကြော်မှုန့် - တထုပ် (၁၅၀ ဂရမ်)
၂။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၃။ ဂျင်း - လက် ၂ ဆစ်
၄။ ရေ - ထမင်းစားဇွန်း ၈ ဇွန်း (သို့) ၉ ဇွန်း
ကုလားပဲ ဘယာကြော်
ပါဝင်သောပစ္စည်းများ
၁။ ကုလားပဲ ဘယာကြော်မှုန့် - တထုပ် (၁၅၀ ဂရမ်)
၂။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၃။ ဂျင်း - လက် တ ဆစ်
၄။ ရေ - ထမင်းစားဇွန်း ၈ ဇွန်း (သို့) ၉ ဇွန်း
၅။ ငရုတ်သီးစိမ်း - ၅ တောင့်
၆။ ပျဥ်းတော်သိမ်းရွက် - ၁၅ ရွက်
၇။ ကြက်သွန်ဖြူ - ၂ မွှာ
၈။ ကြက်သွန်နီ - အသေး ၁ လုံး
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)
(ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)
==================================