MENU

Fun & Interesting

နောက် ငလျင်က ရန်ကုန်ကို လာမလား (ရုပ်/သံ)

The Irrawaddy News 480,951 lượt xem 6 days ago
Video Not Working? Fix It Now

နောက် ငလျင်က ရန်ကုန်ကို လာမလား (ရုပ်/သံ)

ဧရာဝတီ၊ ဧပြီ ၁၁၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ရေခါးအင်း အနီးကို ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ အင်အားပြင်းငလျင်ဟာ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ရှမ်းပြည်နယ် အပြင် အိမ်နီးချင်းနိုင်ငံတွေကိုပါ သက်ရောက်မှု ကြီးမားခဲ့ပါတယ်။

ငလျင်ဒဏ်ကြောင့် လူအသေအပျောက်များစွာရှိနေပြီး အခုအချိန်ထိ ဆက်လက် ရှာဖွေနေရဆဲဖြစ်ကာ အပျက်အစီးတွေရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုပါ မစတင်နိုင်သေးတဲ့အ ခြေအနေဖြစ်ပါတယ်။

အဆိုပါငလျင်ကြီးကို စစ်ကိုင်းငလျင်လို့ ခေါ်မလား မန္တလေးငလျင်လို့ ခေါ်မလား၊ အိမ်နီးနားချင်း နိုင်ငံတွေအထိပါ သက်ရောက်တဲ့ ဒီငလျင် ဘာကြောင့် အင်အားကြီးရသလဲ၊ ဒီငလျင်လာမှာ ကြိုတွက်နိုင်သလား၊ နောက်ငလျင်က ရန်ကုန်ကို လာမလား၊ နောက်ငလျင်အတွက် ဘာတွေပြင်ဆင်ထားသင့်လဲ စတဲ့အကြောင်းတွေကို Myanmar Institute of Earth and Planetary Sciences က ဘူမိဗေဒ ပါမောက္ခ ဒေါက်တာမျိုးသန့်နဲ့ ဧရာဝတီ အယ်ဒီတာ ရဲနည်တို့ တွေ့ဆုံဆွေးနွေးထားပါတယ်။

#မြန်မာ #ဧရာဝတီ #ငလျင် #မန္တလေး #စစ်ကိုင်းပြတ်ရွှေ့ #ရန်ကုန် #ဒေါက်တာမျိုးသန့် #ရဲနည်

Comment