MENU

Fun & Interesting

“လားရှိုးမှာ အပစ်ရပ်ပေမယ့် နေပြည်တော်စစ်ဆင်ရေးက ဆက်သွားမှာပဲလေ”

Htet Aung Kyaw 91,917 19 hours ago
Video Not Working? Fix It Now

“လားရှိုးမှာ အပစ်ရပ်ပေမယ့် နေပြည်တော်စစ်ဆင်ရေးက ဆက်သွားမှာပဲလေ” - ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ) (၂၂- ၁- ၂၀၂၅) “တရုတ်ရဲ့ဖိအားပေးမှုကြောင့် လားရှိုးနဲ့ တရုတ်နယ်စပ်ဖက်မှာ အပစ်ရပ်လိုက်ရပေမယ့် ရှမ်း-မန်း စစ်ဆင်ရေး၊ နေပြည်တော် စစ်ဆင်ရေးတွေက ဆက်သွားမှာဖြစ်တယ်။ ၂၀၂၅ ဟာ မင်းအောင်လှိုင် ထွက်ပြေးရမယ့်နှစ် ဖြစ်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။ MNDAA နဲ့ စစ်ကောင်စီတို့ အပစ်ရပ်လက်မှတ်ထိုးလိုက်တယ်ဆိုတဲ့သတင်းတွေက နွေဦးတော်လှန်ရေးကို အနှောက်အယှက်ဖြစ်စေနိုင်သလား၊ TNLA, AA, KIA အပါဝင် အခြား EROs တွေက ဆက်တိုက်မှာလား၊ နွေဦးတော်လှန်ရေး ၄ နှစ်တာအတွင်း ဘယ်လောက်အထိ အောင်မြင်မှုရနေပြီလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - MNDAA နဲ့ စစ်ကောင်စီအပစ်ရပ်တယ်ဆိုတာကို ဘာကြောင့် ၂ ဖက်စလုံးက သတင်းမထုတ်ပြန်သေးတာလဲ... - ညီနောင် ၃ ဖွဲ့ထဲက TNLA, AA တို့ကကော စစ်ကောင်စီနဲ့ ဆွေးနွေးရေး ဖြစ်နိုင်ခြေရှိသေးလား... - AA ရဲ့ ဧရာဝတီတိုင်းအတွင်းသို့ ထိုးဝင်မှုနဲ့ PDF တွေရဲ့ ကပစ တွေကို တိုက်ခိုက်မှုက စစ်ကောင်စီကို တုန့်လှုပ်စေသလား... - MNDAA ဖက်က နယ်စပ်လမ်းကြောင်းတွေဖွင့်လိုက်ခြင်းက နွေဦးတော်လှန်ရေးကို အနှောက်ယှက်မဖြစ်တဲ့အပြင် အထောက်အကူပါ ဖြစ်နိုင်တယ်လို့ ဘာကြောင့် ပြောတာလဲ... - ဖေဖေါ်ဝါရီ ၁ ရက်နေ့မတိုင်ခင် NUG ရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို တကယ်မြင်လာရနိုင်သလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ သတင်း အင်တာဗျူး youtube ချယ်နယ် ⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Comment