MENU

Fun & Interesting

"ကိုယ်တွေ့ သောတာပတ္တိမဂ် ကျင့်စဉ်" တရားတော် - အောင်လံဆရာတော် အရှင်စန္ဒိမာ Aung Lan Sayadaw

Layman Dhamma 111,355 lượt xem 1 year ago
Video Not Working? Fix It Now

ပါရမီအလျောက် ခေတ်လူငယ် ၂၄ နှစ်သားအရွယ်ကနေ တရားကျင့်ရင်း သက်တော် ၂၇ နှစ်အရွယ်၌ တမဂ် တဖိုလ် သောတာပတ္တိမဂ် သောတာပတ္တိဖိုလ် ကို ရောက်အောင် ပေါက်အောင်ကျင့်လာခဲ့တဲ့ ကျင့်ပုံကျင့်နည်းကို သဒ္ဒါတရားပွားများစေရန် အောင်လံဆရာတော်ဟောကြားခဲ့သည့် "သောတာပတ္တိ မဂ် ကျင့်စဉ် တရားတော်"

Credit: https://www.facebook.com/theinnthu/videos/2714436862006903/

ဦးဇင်းတရားအားထုတ်နေတဲ့ အခါတုံးက သီလရှင် ပြိတ္တာမကြီးက ဗိုက်ကြီးပူနေပြီး ဗန်းကြီးရွက်ပြီးတော့ ကျောင်းပေါက်ဝကနေ ဟိုးအတွင်းဘက်လမ်းကို (တလှမ်းချင်းသွားတာ မဟုတ်ဘူးနော်) ခပ်သုတ်သုတ် သွားနေတယ်။ ခွေးတစီစီနဲ့။
ဟိုးဘက်ရောက်သွားရင် ကျောင်းပေါက်ဝကိုလာလိုက်၊ ကျောင်းပေါက်ဝရောက်ရင် အတွင်းကိုလာလိုက် အဲဒီလိုပဲဖြစ်နေတာ။
ဦးဇင်းကလည်း အဲဒါကိုပဲ မကြည့်ချင်လဲ မြင်မြင်နေရတယ်။ တိုက်ဆိုင်လို့လား၊ ဘာများကူညီရမလဲလို့ အဲလိုစစ်ဆေးတဲ့အခါကျတော့ ကျောင်းပေါက်ဝက မုဒ်ဦးကြီးမှာ နတ်ဘီလူးကြီးနဲ့ ရုက္ခစိုးက ငုတ်တုတ်ကြီးထိုင်နေတယ်။ သူ့ဘက်လဲ မလှည့်ပါဘူး။ သူ့ဖာသာအဲဒီဘက်နားရောက်သွားရင် ကျောင်းဘက်ပြန်လှည့်ပြီး ခပ်သုတ်သုတ်နဲ့ ပြန်လာတယ်။
ကျောင်းထဲကများ ဘယ်လို ပုဂ္ဂိုလ်က နှောင့်ယှက်နေလို့ နေစရာမရှိလို့လဲလို့ ကြည့်တော့လဲ ဘယ်သူကမှ နှောင့်ယှက်တာ မတွေ့ဘူး။
အဲဒီတော့ သဘောဆင်ခြင်တဲ့ အခါကျတော့မှ လူ့ဘဝ သီလရှင်ဘဝ ဆွမ်းဆန် ရဖို့အတွက် နေရာများများကို အချိန်တိုတိုအတွင်းမှာ မြန်မြန်ရောက်ဖို့ ဗန်းကြီးရွက်ပြီး ခပ်သုတ်သုတ် "လောဘ" နဲ့ သွားခဲ့တဲ့ "ကံ"။
သို့သော်လည်း အဲဒီတုံးက ရဟန်းတွေ သီလရှင်တွေ သေလို့ သြင်္ဂိုလ်ပြီဆိုလျှင် အသုဘရှူကြတာ။ တရားထိုင်ထားတာ တင်ပါးမှာ ဂျပ်ပိန်းကြီးတွေ အမဲကွက်ကြီးတွေ ဖြစ်နေတယ်။
ဒါပေမယ့် သေတဲ့အခါပြိတ္တာဖြစ်တယ်။
ဘာဖြစ်လို့လဲဆိုတော့ တရားလမ်းကြောင်းပေါ်မရောက်ဘူး။
တရားရယ်လို့ အားထုတ်ပေမယ့်လည်း "သတိ" "ဉာဏ်" "ပညာ" သုံးချက်အားဖြင့် ဘာဝနာအားဖြင့် မပြည့်စုံတဲ့ အခါ “လောဘ" ဦးစီးတဲ့ ကံကကြီးတော့ ဒီကံ က သူ့ကို ပစ်ချလိုက်တာ။
အဲဒီအတွက်ကြောင့် သတိ ဉာဏ် ပညာ သုံးချက်နဲ့ အလုပ်လုပ်မှ။
(၁)
အဲဒီအလုပ်ကလည်း ... လောကဓံကို သည်းခံနိုင်မှ
(၂)
ဖြစ်လာမယ့် ကိလေသာကို မိမိကိုယ်တိုင် ကိလေသာမှန်းသိပြီးတော့ လွန်မြောက်အောင် အားထုတ်နိုင်မှ
(၃)
အဲဒီလို မှန်ကန်တဲ့ ပီပြင်တဲ့ ကံတွေပြုခဲ့မှ အဲဒီကံတွေက ကျန်တဲ့ ကံတွေကို ပိတ်ဆို့လိုက်မယ်။
အဲဒါကြောင့်မို့လို့ ဦးဇင်းတို့က ယောဂီတို့ကို တရားမရနိုင်တာတောင်မှ အဲဒီကံတွေ ကာကွယ်နိုင်အောင် လုပ်ပေးတယ်။
နောက်တစ်ခုက သေခါနီးကျတော့ "တောင့်တမှု" တွေများတယ်။ ဟိုနားက "အောင့်" လို့ပါ ဒီနားက "ကိုက်"လို့ပါ။ ကြွပေးပါအုံး နှဲ့ပေးပါအုံးဆိုပြီး တောင့်တမှုတွေများတယ်။
အဲဒီတောင့်တမှုတွေ များတာကို အခုကတည်းက စွန့်လွှတ် နိုင်အောင် ဒီတောင့်တမှုကို အလိုမလိုက်ဘဲနဲ့ ခွင့်လွှတ်ပြီး စောင့်ရှုမယ်ဆိုရင် တောင့်တမှုချုပ်သွားရင် ငြိမ်းချမ်းကြောင်း သိအောင်လဲပြရတယ်။ အဲဒီအချိန်ကျတဲ့အခါ တောင့်တနေရင် ငါဘယ်လိုမှ လွတ်လမ်းမရှိတော့ပါလား တောင့်တတိုင်း လျှောက်လုပ်ပေးနေမယ်ဆိုရင် မပြီးတော့ပါလား။
တရားကျင့်တုံးက တောင့်တတဲ့စိတ်မှ လွတ်မြောက်ဖို့အတွက် ရှုခဲ့တဲ့ အတွေ့လေးကို အဲဒီမှာ မလိုက်ရောတော့ဘဲ ခွင့်လွှတ်ပြီးတော့ နိုင်အောင်ရှူလိုက်နိုင်ခဲ့ပြီဆိုရင်၊ သေခါနီးကျတော့ အကျဉ်းအကျပ်ဖြစ်တဲ့အခါ ကိုယ်ကိုယ်ကိုသိပြီး၊ ငါဒီဖျာပေါ် ဒီနေရာကနေ ရွေ့လို့ မရတော့ဘူးဆိုတာသိတော့ တဏှာ (တောင့်တမှု)ကို ခွင့်လွှတ်ပြီး နိုင်အောင်ရှုလို့ "လွတ်မြောက်မှုလေး"တွေရခဲ့တာဟာ အဲဒီမှာပြေးဝင်တော့တာပါပဲ။
အဲဒီတော့ ဦးဇင်းတို့က အဲဒီအရေးကို တွေးပြီးပြရတာရှိတယ်။
လူ့ဘဝဆိုတာ နှစ်ခါ ပြန်မရနိုင်ဘူး။
တကယ်တမ်းကျတော့ လူတွေအတွက်
မဂ်တရားဖိုလ် တရားကျင့်ဖို့ အချိန်ဟာ
ကောင်းကောင်းကြီး လုံလောက်ပါတယ်။
ဒါပေမယ့် ကာမဂုဏ်မှာ နစ်မြှုပ်ပြီး
ဓမ္မာရုံကို ကျောပေးထားလို့ မသိတာ။
တကယ်တမ်းတရားအားထုတ်မယ်ဆိုရင်
အချိန်လုံလောက်ပါတယ်။
{ ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီး }
ပူဇော်သူ -သူသူ

Comment