MENU

Fun & Interesting

လူထုကို အရှက်ရစေတဲ့ ရှမ်းတပ်နှစ်တပ် ဖြစ်နေပြီ (ရုပ်/သံ)

The Irrawaddy News 278,155 7 days ago
Video Not Working? Fix It Now

လူထုကို အရှက်ရစေတဲ့ ရှမ်းတပ်နှစ်တပ် ဖြစ်နေပြီ (ရုပ်/သံ) ဧရာဝတီ၊ ဇွန် ၂၊ ၂၀၂၅ အာဏာရှင်တိုက်ဖျက်ဖို့၊ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်နယ် အဖိနှိပ်ခံဘဝ လွတ်မြောက်ဖို့အတွက်ဆိုပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတဲ့အထဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ရှမ်းလက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့လဲ အပါအဝင်ဖြစ်ပါတယ်။ ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSA/ SSPP) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ရှမ်းလက်နက်ကိုင်း ၂ ဖွဲ့ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်အာဏာသိမ်းမှု ၄ နှစ်ကျော်ကာလထိ ရောက်ရှိလာပေမယ့် ပျောက်ခြင်း မလှ ပျောက်နေပါတယ်။ စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ဖို့၊ အာဏာရှင်မှန်သမျှ တွန်းလှန်ဖို့ ရှမ်းလူမျိုး၊ ရှမ်းပြည် အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့ဆိုပြီး လက်နက်ကိုင်လာတဲ့ ရှမ်းတပ်နှစ်တပ်ဘာလုပ်နေလဲလို့ "တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်" ဆိုတဲ့ ဆောင်ပါးက မေးခွန်းထုတ်ရေးသားလိုက်ပါတယ်။ ရှမ်းလူမျိုးတွေရဲ့ ရှမ်းလက်နက်ကိုင်တပ်တွေအပေါ် သဘောထား၊ တော်လှန်ရေးမှာ ပါဝင်နေတဲ့ ရှမ်းလူငယ်တွေ၊ ရှမ်းပြည်နယ်မှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား နယ်မြေစိုးမိုးမှု တွေနဲ့ပတ်သက်ပြီး ဆောင်းပါးရှင် သျှမ်းသံတော်ဆင့်သတင်းဌာန မြန်မာပိုင်းအယ်ဒီတာ နန်းဆိုင်နွမ် ကို ဧရာဝတီ အယ်ဒီတာ ရဲနည်က တွေ့ဆုံမေးမြန်းထားပါတယ်။ #မြန်မာ #ဧရာဝတီ #ရှမ်းလက်နက်ကိုင် #RCSS #SSPP #တော်လှန်ရေး #သျှမ်းသံတော်ဆင့် #နန်းဆိုင်နွမ် #ရဲနည် စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/supporttheirrawaddy

Comment